အပိုင်း [ ၁၀ ]

9.3K 1.1K 165
                                    

#Unicode

အချိန်ကာလတွေရဲ့တိုက်စားမှုအောက်မှာ အရာရာဟာ တဖြည်းဖြည်း ပြောင်းလဲခဲ့ပြန်တယ် ။ အထက်တန်းကိုရမှတ်ကောင်းကောင်းနဲ့အောင်ခဲ့တဲ့သူဟာ Daegu မြို့ရှိဆေးကျောင်းတွေထဲကတခုဖြစ်တဲ့ Kyungpook National University School of Medicine
မှာတက်ခွင့်ရခဲ့ပါတယ် ။

ရည်မှန်းချက် လမ်းစပေါ်ကိုရောက်လာတဲ့သူ့အတွက် ဂျုံးဂုကတော့ဂုဏ်ယူမဆုံးပေါ့ ။လောကရဲ့သဘောသဘာဝအရ အရာရာဟာ အကောင်းအဆိုးဒွန်တွဲနေတယ်ဆိုသလိုပါဘဲ ။ တက္ကသိုလ် စတက်ရမယ့်နှစ်မှာဘဲ မေမေဟာ အပြင်းအထန်နေမကောင်းတွေဖြစ်ခဲ့တယ် ။ အစကရိုးရိုးဖျားတယ်ထင်ခဲ့ပေမယ့် အချိန်လွန်မှသိခဲ့ရတာ မေမေဖြစ်နေခဲ့တာ သွေးကင်ဆာ ။

မိသားစုဟူ၍တလောကလုံးဝယ် အမေတဦးတည်းသာရှိတော့သောသူ့အတွက်တော့ ဆောက်တည်ရာမဲ့ပါဘဲ ။ ကျန်းမာရေး အခြေအနေကြောင့် မေမေကအရင်လိုဆိုင်လေးမဖွင့်နိုင်တော့ဘူး ။ ဒီဝင်ငွေလေးတခုနဲ့ရပ်တည်နေတဲ့သူတို့ရဲ့အခြေအနေဟာအယိုင်ယိုင်အလဲလဲပေါ့ ။ ကျောင်းတက်ရန် Daegu မြို့ပေါ်ကိုသွားရမည့်အခါ ရောဂါသည်မေမေ့ကို လုံးဝမထားခဲ့ရက်နိုင်ပါ ။ ဟိုရောက်ရင်နေဖို့ နေစရိတ်စားစရိတ်တွေအပြင် မေမေ့ရဲ့ ဆေးရုံစရိတ်တွေဟာ သူ့ခေါင်းပေါ်လုံးလုံးကျလာခဲ့တယ် ။

ဒီမြို့လေးမှာရှိတဲ့ ငယ်ဘဝအမှတ်တရတွေအများကြီးရှိတဲ့အိမ်လေးရယ် ဈေးကမေမေ့ရဲ့ဆိုင်ခန်းလေးရယ်ကိုရောင်းပြီး Daegu မြို့ကြီးပေါ်ကိုတက်ခဲ့ကြတယ် ။ ဒီရောက်တော့ သင့်တော်မယ့်နေရာလေးမှာငှားပြီး သားအမိနှစ်ယောက်အဆင်ပြေသလိုနေခဲ့ကြတယ် ။ မြေဈေး အိမ်ဈေးတွေကကြီးတော့ ဝယ်ဖို့ထက် ငှားနေဖို့ဘဲအခွင့်အရေးပေးခဲ့တယ် ။

တဖက်က ဖြစ်ချင်တဲ့ပန်းတိုင် တဖက်က မိခင်ဖြစ်သူရဲ့ အသက် တဖက်ကလည်း စားဝတ်နေရေးဟူသော တာဝန်ကြီးတစ်ခု ။ ဘယ်အခြေအနေကိုမှ လက်မလွှတ်နိုင်တဲ့သူဟာ ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်တွေကို ပြင်းပြင်းထန်ထန်လုပ်ခဲ့တယ် ။ နေ့စဉ် တာဝန်တွေက ၂၄ နာရီ ဆိုတဲ့တရက်တာ အချိန်နဲ့တောင်မလောက်နိုင်လောက်အောင်ပါဘဲ ။ ညဘက်တွေမှာလည်း စာပြပေးတဲ့အလုပ်လေးကိုလုပ်မိပြန်တယ် ။ နေ့စဉ်မနက် ၅
နာရီလောက်တည်းကစလုပ်ရသည့်အလုပ်သည်တနေကုန်ကျောင်းတက် အလုပ်လုပ် စာပြနဲ့အိမ်ပြန်ရောက်ချိန်တွေက ည ၁၁ နာရီခွဲကပုံမှန် ။ တနေကုန်ပင်ပန်းနွမ်းနယ်သမျှ အိမ်ရောက်တော့လည်း ကိုယ့်ကျောင်းစာတွေကိုလေ့လာရပြန်တယ် ။

The Blue Scenario [ Completed ]Donde viven las historias. Descúbrelo ahora