အပိုင်း [ ၁၄ ]

8.4K 1K 124
                                    

#Unicode

စူးရှရှ အရက်တွေက လည်ပင်းတစ်လျောက်စီးဆင်းသွားချိန် ခံစားချက်တို့ကပြင်းရှရှ ။ ထုံကျင်နေသော နှလုံးသားသည် နာကျင်မှုကိုအမည်တပ်ဖို့ရန်ပင် ခဲယဉ်းနေပြီဖြစ်သည်။ ညသည် မိုးလေတို့ခဏတာကင်းစင်နေသည်။ မဲမှောင်သော တိမ်စိုင်များကင်းဝေးနေသော ကောင်းကင်သည် ကြယ်လေး တွေရဲ့အကူအညီဖြင့်တလက်လက်တောက်ပနေကြပြန်သည်။ ပတ်ဝန်းကျင် သည်ပကတိ တည်ငြိမ်နေသည်။ ထို့အတူလှပနေပြန်သည်။ နာကျင်နေသော နှလုံးသားမှတဆင့်မြစ်ဖျားခံသော ခံစားချက်တို့သည် လှပသောပတ်ဝန်းကျင်ကပင်မကုစားနိုင် ။

စီးကရက်ငွေ့ပါးပါးတို့ကိုမှုတ်ထုတ်လိုက်ပေမယ့် ရင်ထဲကအစိုင်အခဲကြီးကတော့ လျော့မသွားခဲ့ပါ။ အရာရာသည် လဲပြိုသွားခဲ့သလို။ အရာရာကိုဆုံးရှုံးလိုက်ရသလို ။ အနှစ်နှစ်အလလမက်ခဲ့ရပါသော အိမ်မက်လေးသည် လေထဲမှာလွင့်ပြယ်သွားခဲ့သလို။ ရင်တခုလုံးလည်း သွေးစိမ်းရှင်ရှင် ထွက်သကဲ့သို့ရှိနေခဲ့သည်။

မှောင်မဲနေသော ဝရံတာရှိ ခုံလေးပေါ်တွင် လှဲရင်း ဂျုံးဂုသည် ကြယ်ရောင်များဖြင့်ကောင်းကင် ကို အဓိပ္ပါယ်မဲ့ငေးကြည့်နေခဲ့သည်။ မျက်ဝန်းတွေထဲမှာတော့ နာကျင်မှုအငွေ့အသက်တွေက တွဲခိုလို့နေခဲ့သည်။ မယုံကြည်နိုင်သောအခြေအနေတခုရဲ့ နောက်ကွယ်ကဖြစ်ရပ်များကိုလည်း သိချင်စိတ်ကပြင်းပျနေခဲ့သည်။ ထို့အတွက်လည်း သူရအောင်စုံစမ်းမည်ဖြစ်သည်။ နှောင်တွယ်ခဲ့သော သံယောဇဉ် တို့သည် သာမာန်အင်အားနဲ့ဖြတ်တောက်ရန်မလွယ်ကူတာ သူအသိဆုံး ။ ဘယ်ကဲ့သို့သောအကြောင်းတရားများကြောင့် အကိုသည်သူ့အပေါ်ဤကဲ့သို့ပြောင်းလဲခဲ့သည်ကိုနားမလည်နိုင်ပါ။

စိမ်းသက်နေသော မျက်ဝန်းလေးတွေကိုပြန်မြင်ယောင်လာတော့ ဂျုံးဂုသည် မျက်ဝန်းအစုံတို့အားမှိတ်ချလိုက်သည်။ မှိတ်ချလိုက်သောမျက်ဝန်းတို့ကြောင့် ငွေ့ရည်ဖွဲ့နေသော မျက်ဝန်းအိမ်မှမျက်ရည်တို့သည် ပါးပြင်ထက် ဖြတ်ပြေးသွားခဲ့ကြသည်။ မြတ်နိုးလွန်းရသော အပြုံးလေးများကိုပင် တပါးသူမြင်လျင်သဝန်တိုတတ်သော သူသည် မြတ်နိုးရပါသော ချစ်ရသူကို တပါးသူရဲ့ရင်ခွင်ဆီမှာ မည်ကဲ့သို့သောအင်အားဖြင့်ကြည့်ရပါမည်နည်း။

The Blue Scenario [ Completed ]Where stories live. Discover now