အပိုင်း [ ၁၈ ]

7.1K 938 122
                                    

#Unicode

" သားလေး မေမေခဏဝင်လာမယ်နော် "

" ဟုတ် မေမေ "

နွားနို့ခွက်လေးကို လင်ဗန်းလေးပေါ်တင်ကာ မေမေကအခန်းထဲဝင်လာခဲ့သည်။ မေမေက ဒီလိုပါဘဲ သူအလုပ်တွေညနက်အောင်လုပ်မှန်းသိလို့ အမြဲစားစရာလေးတခုမဟုတ်တခုလာပို့ပေးနေကြ။

" သားလေး အလုပ်တွေအဲ့လောက်လုပ်မနေနဲ့လေ ကျန်းမာရေး ထိခိုက်ဦးမယ် "

" ရပါတယ် မေမေရယ် "

" ရပါတယ် လုပ်မနေနဲ့ သားလေးရေ ကြည့်ပါဦးမေမေ့သားလေး မျက်နှာတွေချောင်သွားသလိုဘဲ "

မေမေက သူ့ပါးတွေကိုကိုင်ကာ စိုးရိမ်သလိုလေးဆိုလာပြန်သည်။

" ဟော မေမေရယ် မေမေ့သားက ဆင်ကိုးစီးစားမကုန်တဲ့ ခန္ဓာကိုယ် ကြီးနဲ့ပါဗျာ "

" အော် မေမေ့မှာ ဒီသားလေးတစ်ယောက်ရယ်ရှိတာလေ မစိုးရိမ်ဘဲနေမတဲ့လား "

" ဟုတ်ပါပြီမေမေရယ် သားဂရုစိုက်ပါ့မယ် "

" ဟုတ်ပါပြီတော် အလိမ္မာလေးရေ ။ ဒါနဲ့ သားလေး မီယောင်းလေးကော လာတယ်မလား "

" ဟုတ်မေမေ "

မီယောင်းအကြောင်းမေးလိုက်တာနဲ့ သိသိသာသာမျက်နှာတည်သွားတဲ့သားဖြစ်သူကိုကြည့်ကာ ရင်ထဲမှာ မတင်မကျ။ ကျန်တဲ့အရာတွေမှာ ထက်မြတ်လျင်မြန်လွန်းသလောက် ဒီအိမ်ထောင်ပြုမယ့်ကိစ္စမှာဘာလို့ စိတ်မဝင်စားဖြစ်ပြီး နှောင့်နှေးနေတာလဲသားရယ်။ မတော်တရော်မိန်းကလေးတွေနဲ့တွေ့သွားမှာ မေမေကြောက်တယ်သားလေးရယ်။

" သမီးလေးကိုဘယ်လိုမြင်လဲဟင်သားလေး "

မေမေမေးလာတော့သူ့မှာအကြပ်ရိုက်ရသည်။ ရုတ်တရက် ဘာပြန်ဖြေလို့ဖြေရမှန်းမသိ။

" ဟို .... ဟိုလေမေမေ "

" အင်းပြောလေ သားလေး "

" သူနဲ့မဖြစ်နိုင်ဘူးထင်တယ် "

" ဟော ဘာလို့လဲသားလေးရယ် မီယောင်းလေးက အစစအရာရာ ပြည့်စုံပြီး ယဉ်ကျေးသိမ်မွေ့တဲ့ကလေးလေးပါကွယ်။ သားလေးနဲ့ဘယ်လောက်လိုက်ဖက်လိုက်လည်း"

The Blue Scenario [ Completed ]Место, где живут истории. Откройте их для себя