အပိုင်း [ ၁၃ ]

8.3K 1.1K 181
                                    

#Unicode

9 years later .......

မဲနက်ပြောင်လက်နေသော BMW ကားကြီးသည် Seoul မြို့ရဲ့လမ်းမတွေထက်မှာရွေ့ရွေ့ပြေးလွှားနေခဲ့သည် ။ ကားမှန်မှတဆင့်မြင်နေရသည့် မြင်ကွင်းတွေကို အဓိပ္ပါယ် မဲ့ကြည့်ရင်း ဂျုံးဂုသည် ငြိမ်သက်စွာပါလာခဲ့သည် ။ တိုင်းတပါးတွင်ဆယ်စုနှစ်တစုနီးပါးကြာအောင် ကြိုးစားခဲ့သော ရလဒ်ကြောင့် ဂျုံးဂုသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် အောင်မြင်သော လုပ်ငန်းရှင်တစ်ယောက်အဖြစ် စီးပွားရေးလောကတွင်ရပ်တည်လာနိုင်ခဲ့သည် ။ ဟိုမှာနေတည်းကနေ စီးပွားရေးလုပ်ငန်းတွေကို ဒီဘက်မှာကြိုတင် အခြေချထားခဲ့သည် ။ တည်ငြိမ်ရင့်ကျက်သော အရွယ်တခုမှာ ဂျုံးဂုဟာပြောင်းလဲခြင်းများစွာဖြင့်ပြောင်းလဲနေခဲ့ပြီဖြစ်သည် ။ မပြောင်းလဲခဲ့သည်က ချစ်တတ်သောနှလုံးသား အစွဲလမ်းကြီးသော နှလုံးသားပင်ဖြစ်သည် ။

.
.
.

အရာရာဟာမနေ့တနေ့ကလိုဘဲဆိုပေမယ့် မနေ့တနေ့ကလိုတော့မဟုတ်တော့ဘူးမဟုတ်လား ။ ဤမြေကို ခြေချလိုက်တည်းကအရင်ဆုံး လွမ်းမိသည်က အကို့ကို ။ တရက်မျှမေ့မရနိုင်သော နှလုံးသားက အလွမ်းဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့ပြီဖြစ်သည်။ အခုချိန်လောက်ဆို အကိုဘာတွေလုပ်နေမလဲ ။ကျွန်တော့်ကိုရော မေ့နေလောက်ပြီလားအကို ။ ကျွန်တော် ကတော့တရက်လေးတောင်မလွမ်းဘဲမနေနိုင်ခဲ့ပါဘူးအကိုရယ် ။ မိုးစက်လေးတွေက ကားမှန်ပေါ်လာရောက်ရိုက်ခတ်ပြီး အဝေးတနေရာသို့ပြန်လည်လွင့်စင်သွားခဲ့သည် ။ မိုးတွေက သည်းကြီးမည်းကြီးရွာနေခဲ့သည် ။ သူ့ရင်ထဲမှာကော .... အင်း သူ့ရင်ထဲမှာလည်း မိုးတွေသည်းနေတုန်းပါဘဲလေ ။ ကျွန်တော် ပြန်လာခဲ့ပြီအကို အကိုမကြိုဆိုတဲ့နေရာလေးကိုကျွန်တော်ပြန်လာခဲ့ပါပြီ ။ ကျွန်တော် အကို့ကိုမတွေ့တွေ့အောင်ပြန်ရှာမယ်အကို ။ ဆုံခဲ့ကြရင် ကျွန်တော့်ကို အရင်လိုဘဲ အရင်အတိုင်းလေးဘဲကြိုဆိုပေးမယ်မဟုတ်လား ... အကိုကြိုဆိုပေးမယ်မဟုတ်လား ။

ရုတ်တရက် ထမြည်လာသော ph သံကြောင့် သူ့အတွေးစတို့သည်ပြတ်တောက်သွားခဲ့ရသည် ။ ph ကိုထုတ်ကြည့်လိုက်တော့ ချစ်ရတဲ့မေမေ့ဆီက ။

The Blue Scenario [ Completed ]Where stories live. Discover now