အပိုင်း [ ၂၉ ]

7.1K 932 138
                                    

Unicode

မီးရောင်အောက်မှာ ထယ်ယောင်း သည် အဖြူရောင်သတို့သား ဝတ်စုံလေးနဲ့အလှကြီးလှနေသည်။ မင်ဝူး မှာ မယုံနိုင်တဲ့အခြေအနေတခုကြောင့် ဝမ်းနည်းဝမ်းသာဖြစ်လို့နေသည်။

" ဟယ် အကိုက ကချောတော့ ဘာဝတ်ဝတ်လိုက်ဖက်နေရောရှင် "

ဝန်ထမ်းကောင်မလေးစကားကြောင့် ပြန်ပြုံးပြလိုက်မိသည်။ ရင်ထဲမှာကတော့ မိုးတွေပြိုနေသလိုဘဲ။ အမှန်ဆို လက်ထပ်ခါနီးသတို့သားတစ်ယောက်က ဒီလို မင်္ဂလာဝတ်စုံလေးတွေရွေးကြတဲ့အခါ ပျော်နေရမှာမဟုတ်ဖူးလား။

" ငယ်ဘာကြိုက်လဲ "

အသံနဲ့အတူ မင်ဝူးရဲ့လက်တွေက ထယ်ယောင်းပုခုံးလေးနှစ်ဖက်မှာ အသာယာဆုပ်ကိုင်သည်။

မှန်ထဲမှာပြန်မြင်နေရတဲ့ ရင်ခွင်ထဲကကောင်လေးကို ကြည့်ပြီး သနားမိသည်။ လှပတဲ့မျက်နှာလေးမှာ အပြုံးတွေကလန်းဆန်းမနေ။

" ရပါတယ် အကုန်လုံးကအဆင်ပြေနေတာဘဲ "

ဖြေသံနွမ်းနွမ်းလေးကို ရင်ကိုခွဲသွားတဲ့ဓားလို။ ငယ် ပျော်မနေပါ။ သူဘယ်လောက်ပျော်အောင်ထားထား ငယ်လေးသူ့အရိပ်မှာပျော်မည်မဟုတ်။

" ငယ် "

" ဟင် "

" ကိုယ်ကဘယ်အရာမဆို ငယ့်သဘောအတိုင်းဘဲနော်။ ငယ်ကဒီနေရာမှာရပ်မယ်ဆိုလည်း ကိုယ်ကငြင်းမှာမဟုတ်ဖူးနော်။ ဘယ်အချိန်ဘဲဖြစ်ဖြစ် "

နားလည်မှုတွေအပြည့်နဲ့စကားတွေကအရင်အတိုင်းမပြောင်းလဲ။ နောက်ဆုံးအသုံးချခံတစ်ခုလိုဖြစ်နေခဲ့တာတောင် ဒီလူသားဟာ ထိုအရာတွေကို ဥပေက္ခာ ပြုပေးပြန်ပါသတဲ့။ တကယ်တမ်း ဒုက္ခတွေကိုယ့်ဆီအလည်လာတိုင်း ဒီလက်ကလွဲလို့ ရဲရဲဝံ့ဝံ့ဆွဲရဲခဲ့တဲ့လက်ကမရှိခဲ့။

" နော် ငယ်"

" ဟုတ် ကျေးဇူးပါ အကို "

ကျေးဇူးတင်စကားလေးဆိုလည်း ကျေနပ်ပါတယ်။ ကိုယ်ချစ်ရတဲ့သူရဲ့ ချစ်တဲ့သူမဖြစ်ခဲ့တဲ့တိုင်အောင် ချစ်ရတဲ့သူရဲ့ အားကိုးရာတခုတော့ဖြစ်ခွင့်ရခဲ့သည်မဟုတ်ပါလား။ ပြေးဝင်လာတဲ့အခါမှာ ကြိုဆိုဖို့အသင့်ရှိသလို ထွက်သွားရင်လည်း ငယ့်သဘောအတိုင်းပါဘဲ။

The Blue Scenario [ Completed ]Where stories live. Discover now