အပိုင်း [ ၂၄ ]

6.7K 894 115
                                    

Unicode

ထုံးစံအတိုင်း ဂျုံးဂုက ဆေးခန်းရှေ့နားကခုံလေးမှာထိုင်စောင့်နေသည်။ ခဏအကြာ ထယ်ယောင်းကဆေးခန်းထဲကထွက်လာခဲ့တယ်။ မိုးဖွဲလေးတွေဘဲကျနေပေမယ့် ဂျုံးဂုက ထယ်ယောင်းကိုမြင်တာနဲ့အပြေးအလွှားထီးမိုးပေးတယ်။ အနားရောက် ချိန်မှာ ထယ်ယောင်းနှဖူးက ဒဏ်ရာကိုမြင်တော့ ဂျုံးဂုရင်ထဲကျင်ခနဲ။

" အကို ဘာဖြစ်ထားတာလဲ "

ဂျုံးဂုကသေချာလိုက်ကြည့်တော့ ထယ်ယောင်းကမျက်နှာလွှဲသည် ။မေးနေတာကိုမဖြေဘဲ အကို့ပုံစံကတခုခုကိုဖုံးကွယ်ချင်နေတဲ့ပုံ။ထိုပုံစံကိုမြင်လေ သူ့မှာပိုအားမလိုအားမရဖြစ်လေ။

" အကို မေးနေတယ်လေ "

" ဆေးခန်းရှေ့အော်မနေပါနဲ့ ဂျုံးဂုရယ် လာကားပေါ်သွားကြမယ် "

ထယ်ယောင်းက ဂျုံးဂုလက်ကိုဆွဲကာကားပေါ်ခေါ်သွားသည်။ ကားပေါ်ရောက်တာနဲ့ ဂျုံးဂုက လိုရင်းအားဆက်မေးသည်။ ထယ်ယောင်းပုံလေးကအခုထိဝေ့လည်ကြောင်ပတ်။

" ဟို ရေချိုးခန်းထဲချော်လဲလို့ "

" အကို "

ဘာလဲဆိုသောပုံဖြင့် ထယ်ယောင်းကပြန်ကြည့်သည်။ ဂျုံးဂုက ထိုမျက်ဝန်းတွေကိုတည့်တည့်ကြည့်တော့ ထယ်ယောင်းကထပ်မံအကြည့်လွှဲသည်။ မျက်နှာနွမ်းနွမ်းလေးကို ကြည့်ပြီး ထယ်ယောင်းတခုခုဖြစ်နေတာကို ဂျုံးဂုစိတ်ထဲအလိုလိုသိနေတယ်။

" ကျွန်တော့်ကိုညာလို့ရမယ်ထင်နေတာလား "

" အော် ဂျုံးဂုရယ် အမှန်ပြောတော့လည်းမယုံဘူး "

" အကို "

" အ "

လက်ကိုဆုပ်ကိုင်လိုက်တာနဲ့ အဆမတန်နာကျင်သွားပုံရသော ထယ်ယောင်းကြောင့် ဂျုံးဂုအံ့ဩသွားသည်။ လက်ကောက်ဝတ်ထိဖုံးနေတဲ့ အင်္ကျီလက်ကိုအလျင်မြန်ဆွဲတင်လိုက်တော့ အညိုမဲစွဲနေသောအရာတွေ။

" ဒါဘာဖြစ်ထားတာလဲလို့ကျွန်တော်မေးနေတယ်လေ "

" ဘာမှမဖြစ်ဖူးဆိုကွာ "

" ရတယ် "

" ဂျုံးဂု "

တင်းကားသွားတဲ့မေးရိုးနဲ့ စူးရဲသွားတဲ့အကြည့်တွေကြောင့်ထယ်ယောင်းလန့်သွားသည်။ ဂျုံးဂုကဒေါသထွက်လျင်ဘာမှမြင်တတ်သည့်လူမျိုးမဟုတ်။ အထူးသဖြင့် ငယ်ငယ်တည်းက သူ့ကိုထိတဲ့ကောင်တွေဆိုတခုခုပြန်လုပ်လိုက်ရမှကျေနပ်တာမျိုး။

The Blue Scenario [ Completed ]Where stories live. Discover now