အပိုင်း [ ၁ ]

41.1K 1.9K 82
                                    

#Unicode
"သားလေး ..... ကျောင်းမှာစာသေချာကြိုးစား လိမ္မာရမယ်နော် သားလေးကကျောင်းသားအသစ်ပေမယ့်မကြာခင်သူငယ်ချင်းတွေရလာမှာ..... ဆရာမစကားလည်းနားထောင်ရမယ်နော် ... ကြားလား "

အမေဖြစ်သူရဲ့ပြောစကားကိုမျက်ဝန်းမှမျက်ရည်လေးတွေဝိုင်းကာမော့ကြည့်နေတဲ့ ၃ တန်းအရွယ်ကလေးလေးဂျုံးဂု ။ ဖခင်ဖြစ်သူ ဆရာဝန်ကြီးကအလုပ်နဲ့ နယ်မြို့လေးကိုတာဝန်ကျတော့ မိခင်ဖြစ်သူကလည်းမလိုက်လို့မဖြစ် ။ မိခင်ဖြစ်သူလိုက်တော့ သူလေးပါ လိုက်လာရရှာတယ် ။ ဂျုံးဂုလေး ဒီကျောင်းမှာမတက်ချင်ဘူး ... သူ့မှာအသိသူငယ်ချင်းမရှိဘူး .... ဟိုကသူငယ်ချင်းတွေကိုလည်းလွမ်းနေမိတယ်။

"မေမေ .... သားသားအိမ်ပြန်လိုက်ချင်တယ် "

ငိုမဲ့မဲ့လေးဖြစ်နေတဲ့သားလေးကိုကြည့်ရင်း ဂျုံးဂုလေးမေမေကကြင်နာစွာပြုံးတယ် ....

"သားလေးရယ် .... နေရာအသစ်မလို့သားလေးစိမ်းနေတာပါ .... မေမေပြောသလိုသားလေးသူငယ်ချင်းအသစ်တွေရလာမှာ စိတ်ချ ...."

"မေမေကလည်း "

"သားလေး မေမေ့ကိုမချစ်ဘူးလား "

"ချစ်တယ် "

"ချစ်ရင် မေမေ့စကားနားထောင်ရမယ်နော် .... "

"ဟုတ်ကဲ့ "

လိမ္မာလွန်းတဲ့သားလေးရဲ့ နှဖူးလေးကိုဖွဖွလေးနမ်းရင်း Mrs.Jeon ကြေနပ်စွာပြုံးလိုက်မိတယ် .....

"ဒါဆိုကျောင်းလည်းတက်တော့မယ် သားလေးအတန်းထဲသွားတော့နော် ဟိုနေ့ကကျောင်းအပ်တုန်းကအခန်းကိုသားလေးမှတ်မိတယ်မလား ...."

"ဟုတ်ကဲ့ "

"အဲ့မှာဆရာမကြီးစောင့်နေလိမ့်မယ် .... သွားတော့နော် မေမေလိုက်မပို့တော့ဘူး အဒါမှသားလေးကိုယ့်အားကိုယ်ကိုးတတ်မှာ .... မေမေညနေကျမှလာကြိုမယ်နော်"

"ဟုတ်ကဲ့ .... တာ့တာမေမေ "

"တာ့တာပါသားလေးရေ "

မောင်းထွက်သွားပြီဖြစ်သော ကားအနက်ကြီးကိုငေးရင်း ဂျုံးဂုလေး မျက်ဝန်းဝိုင်းဝိုင်းလေးတွေမှာ မျက်ရည်များစီးကျလာခဲ့တယ် ။ မေမေလည်းမရှိတော့တဲ့ နေရာအသစ်ကြီးမှာ သူသိပ်အထီးကျန်လာတယ် အရမ်းလည်းဝမ်းနည်းလာခဲ့တယ် ။

The Blue Scenario [ Completed ]Where stories live. Discover now