အပိုင်း [ ၁၂ ]

8.7K 1K 165
                                    

#Unicode

အကိုဟာ ကျွန်တော့်ကို ဥပေက္ခာပြုရက်နိုင်ခဲ့ပါတယ် ။ အကိုမပါတဲ့ရာသီစက်ဝန်းတွေထဲမှာ ကျွန်တော်တစ်ယောက်တည်း အဖော်မဲ့လို့ ။ အလုပ်တစ်ဖက် စာတစ်ဖက်နဲ့ ဘယ်လောက်ဘဲမအားပါစေ အကို့ကိုသတိရတဲ့စိတ်လေးကအချိန်တိုင်းစိုးမိုးနေခဲ့တာ ။ အကိုကကျွန်တော့်ကိုသိပ်လွှမ်းမိုးနိုင်လွန်းပါတယ် ။

အရာရာကို အကို့ရဲ့ကြိုးစားရမယ်နော်ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ကျွန်တော်ဖြတ်ကျော်တယ် ။ ရေခြားမြေခြားက အကို နေကောင်းရဲ့လား အကိုဘာတွေလုပ်နေမလဲ အစစအရာရာ အဆင်ပြေရဲ့လား သိချင်နေမိတာလည်းနေ့စဉ်နဲ့အမျှပါဘဲ ။ တိတ်ဆိတ်နေတဲ့ နာကျင်ကျင် ဆောင်းညတွေမှာ ကျွန်တော် တိတ်တိတ်လေးငိုနေမိခဲ့သေးတာ ။

အချစ်ဦးမလို့ထင်ပါတယ် ကျွန်တော်ဟာရူးရူးမူးမူးပါဘဲ ။ချစ်ပါတယ်လို့တောင်မပြောလိုက်ရသေးခင်မှာ အကိုကကျွန်တော့်အဝေးကြီးကိုထွက်ပြေးသွားခဲ့တယ် ။ အကိုဘယ်မြင်မလဲလေ ။ ဥပေက္ခာ တွေရဲ့နောက်ကွယ်မှာ ကျွန်တော် အပြိုပြိုအလဲလဲဖြစ်နေတာတွေအကိုဘယ်မြင်မလဲ ။ အကိုသိလား စက်ဘီးလေးတွေမြင်ရင် ငယ်ငယ်ကစက်ဘီးမှောက်လို့နာပေမယ့် စပ်ဖြဲဖြဲလေးဖြစ်နေတဲ့အကို့မျက်နှာလေးကိုမြင်ယောင်ပြီးပြုံးနေမိသေးတာ ။ မျက်ရည်တွေတော့ပါတာပေါ့အကိုရယ် ။

အကို့ကိုလွမ်းတယ် ။ ကျွန်တော် စလို့ဒေါသမမြည်တဲ့ဒေါသလေးတွေနဲ့ ရှက်သွေးဖြာ နေတဲ့မျက်နှာလေးကစလို့ ကျွန်တော် ထိုးဖွဖူးတဲ့ဆံနွယ်ပျော့ပျော့လေးတွေကိုရောပေါ့ ။ အချိန်ကကုစားသွားလိမ့်မယ်ဆိုတဲ့စကားက သိပ်ရယ်ရပါတယ်အကို ။ စွဲစွဲလန်းလန်း ရူးရူးမူးမူးချစ်ခဲ့သူတစ်ယောက်အဖို့ အချိန်က လုံလောက်တဲ့ဖြေဆေးတစ်ခုမဟုတ်ဖူးလို့ထင်တာဘဲအကိုရယ် ။ အချိန်တွေကြာလာလေအလွမ်းတွေကပိုရင့်သန်လာခဲ့လေ ။

တခါခါကျတော့လည်းကျွန်တော်ရယ်နေမိပြန်တယ် ။သေချာတာကတော့ ကျွန်တော်ပျော်လို့ရယ်နေခဲ့တာမဟုတ်ဖူးအကို ။ ခံစားချက်တွေပြေရာပြေကြောင်း စာအုပ်တွေဖတ် ခရီးတိုလေးတွေလည်းထွက်ခဲ့သေးတယ် ။ မထူးပါဘူးအကိုရယ် နာကျင်တဲ့အလွမ်းတွေကနှိပ်စက်နေတုန်းပါဘဲ ။

The Blue Scenario [ Completed ]Where stories live. Discover now