အပိုင်း [ ၃၀ ]

7.6K 906 144
                                    

Unicode

အချိန်ကာလတွေကတဖြည်းဖြည်းတိုက်စားလာခဲ့သည်။
တကယ်တမ်းတစ်လဆိုတဲ့အချိန်က ဟိုလှည့်ဒီလှည့်နဲ့ကုန်ဆုံးသွားတာမျိုး။ခန်းမထဲက သာယာတဲ့တေးသံတွေက ငြိမ့်ငြိမ့်ညောင်းညောင်းလေးပျံ့လွင့်နေတယ်။

အေးစက်နေတဲ့လက်တွေကိုတဖက်နဲ့တဖက်ဆုပ်ကိုင်ရင်း ထယ်ယောင်းက လှုပ်ရှားနေသောစိတ်ကိုထိန်းချုပ်သည်။ မည်သို့ပင်အားတင်းထား အားတင်းထား တကယ်တမ်း နှဖူးတွေ့ဒူးတွေ့ကြုံလာတဲ့အခါ ဖြတ်ကျော်ဖို့က ထင်သလောက်မလွယ်။

နာရီကိုကြည့်လိုက်တော့ ခန်းမထဲကို ဝင်ဖို့ ၁၅ မိနစ်အလို။ ကြောက်စိတ် ဝမ်းနည်းစိတ် အားငယ်စိတ်တွေကလည်း ခန္ဓာကိုယ် အနှံ့စီးဆင်းနေသည်။ ထိန်းချုပ်ထားတဲ့ ကြားက မျက်ရည်က ကျဖြစ်အောင်ကျလိုက်သေးသည်။

" ဘာလို့ငိုတာလဲ သတို့သားလေးရယ် အရမ်းကြီးစိတ်မလှုပ်ရှားပါနဲ့ ခဏလေး မိတ်ကပ်နည်းနည်းပြန်တင်ပေးမယ် "

မိတ်ကပ်ဆရာမကသူ့ကိုစိတ်လှုပ်ရှားလို့မျက်ရည်ကျသည်ထင်သည်။ ရင်တခုလုံး ဗြောင်းဆန်နေတာ ကိုယ့်ဘာသာနားအလည်ဆုံး။ မင်္ဂလာမဆောင်ခင် တပတ်လိုတဲ့အထိ ဂျုံးဂုနဲ့တွေ့ဖြစ်ကြသည်။ သံယောဇဉ် ဆိုတာထင်သလောက်ဖြတ်ဖို့ကမလွယ်။ အစစအရာရာ ဂရုစိုက်ဖို့ကို တတွတ်တွတ် မှာသည်။ နောက်ဆုံးအချိန်ထိ စိတ်မချနိုင်ဖြစ်နေခဲ့တဲ့ ဂျုံးဂုမျက်နှာကိုမြင်ယောင်လာတိုင်း ရင်တွင်းမီးကမငြိမ်းနိုင်။

ခမ်းနားလှပတဲ့တံခါးချပ်ကြီးတွေက ဖြည်းညှင်းစွာပွင့်သွားခဲ့သည်။ အရာရာဟာခမ်းနားမှုအတိနဲ့။ တဖြည်းဖြည်း လျောက်လာခဲ့ရတဲ့ ခြေလှမ်းတွေမှာ ခွန်အားတို့မရှိ။ အကိုကသူ့ကို နူးညံ့သော မျက်ဝန်းတွေနဲ့ကြည့်နေခဲ့သည်။ မျက်ရည်တွေဝဲနေတဲ့ အကို့မျက်ဝန်းတွေနဲ့ဆုံချိန်မှာ ဒီအချိန်မှာငိုနေမယ့် ကောင်လေးကိုသတိရသည်။ ပြိုလဲခြင်းတွေကအတိုင်းဆမရှိ။

သင်းအုပ်ဆရာကြီးရှေ့မှာရပ်ကြစဉ်မင်ဝူးမှာပီတိမျက်ရည်တွေနဲ့။ ကိုယ့်အရှေ့မှာရပ်နေတဲ့သတို့သားလေးကိုမြင်နေရသည့်တိုင်အောင် အိမ်မက်ဟုထင်နေဆဲ။

The Blue Scenario [ Completed ]Where stories live. Discover now