#Unicode
" သားလေး ဒီကိုလာပါဦးကွယ် "
ရေချိုးပြီး ထမင်းစားရန်ဆင်းအလာ မေမေ့ခေါ်သံကြောင့် ဧည့်ခန်းထဲသို့သွားလိုက်မိသည်။ sofa မှာဝင်ထိုင်လိုက်တော့ ဖေဖေကပါကြည့်နေသောကြောင့် သူ့ကို တခုခုပြောစရာရှိလို့ဆိုတာကိုခံစားလိုက်မိသည်။
" ဟုတ်မေမေ "
" လက်ကောသက်သာရဲ့လားသားလေး "
မေမေက သူ့လက်ကဒဏ်ရာကိုကြည့်ကာ အရင်စကားစသည်။ မတော်တဆဖြစ်သည်ဟု ပြောထားတာတောင် မေမေ့အပူက တော်ရုံနဲ့မအေးပေ။ ကိုယ့်ဘာသာလုပ်ထားသည်ဟုသာသိလျင် မေမေဘယ်လောက်စိတ်မကောင်းဖြစ်မည်မသိ။ ထို့အတွက်လည်းညာခဲ့တာဖြစ်သည်။
" ဟုတ်မေမေသက်သာနေပါပြီ "
" အေးအေး ဂရုစိုက်ပေါ့ငါ့သားရာ "
" ဟုတ် ဖေဖေ ... ဒါနဲ့သားကိုဘာပြောစရာရှိကြလို့လဲ "
သူမေးတော့ မေမေကော ဖေဖေကော တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးကြသည်။ ဖေဖေ့ထက်မေမေကပိုစိတ်လှုပ်ရှားနေသလို။
" သားလေး "
" ဟုတ် "
" ဟိုလေ မေမေနဲ့ဖေဖေက သားကိုပြောစရာရှိတယ် "
" ဟုတ်မေမေ "
" ဟိုလေ သားလေးက အခုဆိုအစစအရာရာမှာပြည့်စုံတဲ့လူတစ်ယောက်ဖြစ်နေပြီ။ တခုဘဲ သားလေးမှာမပြည့်စုံသေးတာက ကြင်ရာဖက် ။ မေမေနဲ့ ဖေဖေက သားလေးကိုသင့်တော်တဲ့ မိန်းကလေးနဲ့ နေရာချထားပေးချင်ပြီ "
" ဗျာ ... "
" ဟုတ်တယ်ငါ့သား အခုခေတ်မိန်းကလေးတွေက လည်တာတွေကခပ်များများ ငါ့သားကိုမသင့်မတော်တွေနဲ့ဖြစ်သွားမှာ ဖေဖေတို့ကြောက်တယ် ။ အဒါမလို့ ဥက္ကဋ္ဌ ကြီး ချွဲ ရဲ့သမီးလေးနဲ့နေရာချထားပေးချင်တယ် "
ရုတ်တရက် ဆိုလာသောစကားများအပေါ်တုန့်ပြန်ရန် ဆွံ့အ နေမိခဲ့သည်။ အံ့ဩလွန်းလို့ဘာပြန်ပြောလို့ပြောရမည်ပင်မသိ။ မေမေတို့ယခုကဲ့သို့စီစဉ်လာမည်ဟုလည်းလုံးဝမထင်ခဲ့မိတာအမှန်။
" မေမေ ဟိုလေ သားအဆင်သင့်မဖြစ်သေးဘူး။ ပြီးတော့ရုတ်တရက်ကြီးဆိုတော့ "
YOU ARE READING
The Blue Scenario [ Completed ]
Fanfictionအစွန်းနှစ်ဖက်ကို ရောက်သွားတဲ့အခါ ကိုယ်စီဒဏ်ရာတွေနဲ့ ..... နာကျင်မှုတွေကို ရင်ဝယ်ပိုက်ပြီး ဝေးကြရမယ်ဆိုတဲ့အခါ အချိန်တွေက ငါတို့နှစ်ယောက်ကို အပြစ်တင်လေမလား .... နောက်ပြန်လှည့်ကြည့်မိတဲ့အခါ ကိုယ်စီမျက်ဝန်းတွေမှာ မချစ်ပါဘူးလို့ဆိုလို့ရမလား .... အတိတ်တွေ...