အပိုင်း [ ၂၃ ]

6.6K 885 160
                                    

#Unicode

မျက်လုံးတို့ကိုအားယူဖွင့်သော်လည်း တော်ရုံနဲ့မပွင့်နိုင်။ တဆစ်ဆစ်ကိုက်ခဲနေတဲ့ ခန္ဓာကိုယ် တခုလုံးက တုတ်နဲ့အချက်ပေါင်းများစွာရိုက်ထားသလို။ အရင်ဆုံးသတိထားမိလိုက်တာက ခန္ဓာကိုယ် မှာ အဝတ်တွေမရှိ။ ဒါပေမယ့် တကိုယ်လုံးကို စောင်နဲ့လုံအောင်ခြုံထားပေးတယ်။ အားယူကာထထိုင်ရင်း ကုတင်ခြေရင်းက ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာပေါ်လာတဲ့ ကိုယ့်ကိုယ်ကို မြင်ရတော့အညိုအမဲစွဲကာ ဒဏ်ရာဒဏ်ချက် တွေနဲ့ မသတီစရာတွေအပြည့်။

ဒါမင်းလိုချင်တဲ့ဘဝလား ကင်မ်ထယ်ယောင်း။ လိုချင်တဲ့ဘဝကို ရွေးချယ်လို့ရအောင် အခွင့်အရေးကသူ့မှာမှမရှိခဲ့တာ။ ကြိုးစားပြီး ကုတင်ပေါ်ကဆင်းတော့ ဆစ်ခနဲဝေဒနာကြောင့် တော်ရုံနဲ့မထနိုင်။ အမှန်ပြောရရင် ခန္ဓာကိုယ် ကအနာထက် ရင်ထဲကအနာကပိုနာတယ်။

တံခါးဖွင့်သံနဲ့အတူဝင်လာတဲ့ခြေသံတခုကြောင့် စောင်တွေကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိတယ်။

" ငယ် "

ကိုယ့်ရှေ့မှာဒူးထောက်ထိုင်ချလိုက်တာမလို့ မမြင်ချင်တဲ့မျက်နှာကိုမြင်နေရတယ်။ အရင်က အားကိုးတွယ်တာခဲ့ရတဲ့လူကို အခုတော့ ရွံရှာဖွယ်ကြီးတခုလိုမြင်နေရတယ်။

" ကိုယ်တောင်းပန်ပါတယ်ငယ် "

မျက်ရည်တွေကိုမြင်တော့ သူရယ်ချင်တယ် ။ မနေ့က သူ့ကိုလိင်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါးအကြမ်းဖက်ခဲ့တဲ့သူက အခုတော့သူ့ရှေ့မှာဒူးထောက်ငိုယိုပြီးတောင်းပန်နေတယ်တဲ့။ တော်ရုံဘဲလှည့်စားပါလောကကြီးရာ။

" နော်ငယ်လေး ကိုယ်တကယ်စိတ်လွတ်သွားတယ်ကွာ။ ကိုယ်တကယ်မရည်ရွယ်ပါဘူး။ ကိုယ်ငယ်ကိုဘယ်လောက်ချစ်လဲငယ်သိပါတယ်ကွာ"

လက်လေးတွေကိုဆုပ်ကိုင် နမ်းရှုပ်ပြီး မင်ဝူးကဆိုတယ်။ သို့သော် ထယ်ယောင်းရဲ့မျက်ဝန်းတွေမှာ မျက်ရည်ဟူသည် တစိုးတစိ မျှမရှိ။ ဝမ်းနည်းခြင်းမရှိ နာကျင်ခြင်းမရှိတဲ့မျက်ဝန်းတွေက အဓိပ္ပါယ် ဖော်ရခက်စွာပကတိငြိမ်သက်နေတယ်။

The Blue Scenario [ Completed ]Where stories live. Discover now