အပိုင်း [ ၂၅ ]

6.7K 895 133
                                    

Unicode

" ဘာ မဖြစ်နိုင်တာ "

အကြီးကျယ်ပျက်ယွင်းသွားတဲ့မျက်နှာကို ဂျုံးဂုကစေ့စေ့ကြည့်သည်။ ခြောက်ခြားနေတဲ့မျက်လုံးတွေက ဂျုံးဂုကိုကျေနပ်စေတယ်။

" မလုပ်ပါနဲ့ CEO ဂျွန် ကျွန်တော် အနူးညွှတ်တောင်းပန်ပါတယ် "

ဒီလုပ်ငန်းတခုလုံးကနေနုတ်ထွက်မယ်ဆိုတဲ့စကားက သူ့အတွက်တော့ ကမ္ဘာ ပျက်တာထက်တောင်ဆိုးဦးမည်။ စာချုပ်ဖောက်ဖျက်ရင် ပေးလျော်ရမယ့် ပမာဏက CEO ဂျွန်လိုလူမျိုးအတွက်က အိပ်နေသလောက်ပင်ရှိမည်။ ဒုက္ခ ရောက်မှာကသူ ။ ဒီလုပ်ငန်းကလည်း အစတည်းက CEO ဂျွန်အင်အားနဲ့အများဆုံးရပ်တည်ခဲ့တာ။

" sorry ပါ ကျွန်တော် ခင်ဗျားလိုလူမျိုးနဲ့ရေရှည်လက်တွဲနိုင်မယ်မထင်ဘူး ပေးလျော်ရမယ့်ပမာဏကို နည်းနည်းတောင်မလျော့စေဘဲပြန်ပေးမယ် "

" ကျွန်တော် တောင်းပန်ပါတယ် ကျေးဇူးပြုပြီးဒီစကားကိုရုပ်သိမ်းပေးပါ။ ကျွန်တော် မျှော်လင့်ပြီးသားပါ ကျွန်တော့်အပြစ်အတွက်ပြန်ပေးဆပ်ရမှာကို ဒါပေမယ့် ဒီတခါလေးဘဲပထမဆုံးနဲ့နောက်ဆုံးအနေနဲ့ခွင့်လွှတ်ပေးပါ"

တည်ငြိမ်နေတဲ့ ဂျုံးဂုအသွင် ကိုမြင်လေ မင်ဝူးမှာ ကမ္ဘာ ပျက်လေ။ တကယ် ဒါသူ့အတွက်သေရေးရှင်ရေးတမျှအရေးကြီးသည့် project ကြီး။ ဒါကိုသာရပ်ဆိုင်းသွားရင် ရှေ့ဆက်ဖြစ်လာမယ့် ဒုက္ခတွေကိုသူဘဲခါးစည်းခံရမှာ။

" ကျွန်တော် ငယ့်ကိုနည်းနည်းလေးတောင်ထိခိုက်အောင်ထပ်မလုပ်ပါဘူး ဒီကိစ္စမျိုးကနောက်ထပ်ရှိမလာစေရတော့ပါဘူး ကျွန်တော် ကတိပေးပါတယ်"

ဆုံးဖြတ်ချက် တခုကိုမပြင်တတ်သောထိုလူသားစကားကြောင့် တကယ်ပင်စိုးရိမ်ရပါသည်။ တိတ်ဆိတ်နေတဲ့အခန်းထဲမှာ ထိုအဖြေတခုကိုစောင့်ဆိုင်းနေရတာကိုက သေမိန့်ကျခံရမယ့်အပြစ်သားလိုဘဲ။

အတန်ကြာတိတ်ဆိတ်ပြီးနောက်မှာ ဂျုံးဂုဘက်ကနေတိတ်ဆိတ်မှုကိုဖြိုခွဲသည်။

" ကောင်းပြီလေ အကို့အပေါ်ရှိခဲ့ဖူးတဲ့ကျေးဇူးတွေအပေါ်ထောက်ထားပြီး ခင်ဗျားကိုနောက်ဆုံးအနေနဲ့အခွင့်ရေးပေးမယ် အကို့ကိုနည်းနည်းလေးတောင်မထိခိုက်စေနဲ့။ တခုခုဆိုတာနဲ့ ခင်ဗျားပြန်ပေးဆပ်ရမယ့်အရာတွေကိုသတိရ။ အကိုပြန်မလာမချင်း အကိုကခင်ဗျားဆီမှာဘဲရှိနေမှာ။ ဒီကြားထဲတစ်ခုခုထပ်ဖြစ်ရင် အသက်ချင်းလဲဖို့လည်း ကျုပ်ဝန်မလေးဘူး "

The Blue Scenario [ Completed ]Where stories live. Discover now