"လျှောက်ပြောနေတာ သူတို့အားလို့ တော့ပ်ဆိုတာ ဂျင်နဲ့ ထိပ်ဆုံးပဲ အဲ့ဒါပဲမှတ်"

"ဟုတ် ဆရာလေး အဲ့ဒါပဲမှတ်ထားလိုက်ပါ့မယ်"

အိုဆယ်ပေါက်တို့ ချွေးပြန်တယ်တကယ် ဂျုံအင်ကလည်း ပေစောင်းစောင်းနဲ့ လှမ်းလှမ်းကြည့်နေတာမို့ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိဖြစ်နေချိန်

တီ~တီ~

"ဟာ အကိုချန်းယောလ်တို့ လာပြီ ကဲမင်းဒီနေ့တော့ ပြန်လိုက်တော့ အိမ်စာသေချာလုပ်ဦး"

"ဟုတ်"

လွယ်အိတ်လေး ယူကာအိမ်ပြန်တော့မဲ့ ကလေးနဲ့အတူ အိမ်ပြင်လိုက်ထွက်ပြီး အကိုချန်းယောလ်တို့ကို ထွက်ကြိုလိုက်သည် တော်သေး အချိန်ကိုက်မို့

"အကိုချန်းယောလ်တို့ စောသားပဲ ဒီတပတ်"

"မနက် မလင်းခင် ထွက်လာကြလို့ပါကွာ နေ့ခင်းဆို နေပူမှာစိုးလို့ "

"ဟာ ငါ့ယောက်ဖကြီးကတော့ဟေ့ အလန်းစားပဲ ဝကစ်နေတာ"

ဘတ်ဟျွန်းကားပေါ်က ဆင်းဆင်းလာချင်းပြောတဲ့ အိုဆယ်ပေါက်စကားကြောင့် နင်သွားရသည် ချီးကျူးတာလား နှိမ်တာလားပဲ

"လေမပေါနဲ့ ကြက်ပေါက် နောက်ခန်းထဲက မင်းအချစ်လေးမှာတာတွေ သွားယူသွား"

"ဟုတ်ကဲ့ပါဗျာ"

"အကိုချန်းယောလ် လာထိုင် အရီးကအကိုတို့မရောက်လောက်သေးဘူးထင်လို့ အမေတို့ဆီသွားနေတာ"

ချန်းယောလ် ဂျုံအင့်ဘေးက လွတ်တဲ့ နေရာမှာ သမီးကိုပွေ့လျက်ဝင်ထိုင်လိုက်သည်

"ဟုတ်ပါပြီ ဒီတပတ် မင်းတို့က ကြိုရောက်နေတာပါလား"

"အရီးက ခေါက်ဆွဲအေး ဒီနေ့လုပ်ကျွေးမှာမို့ ဂျုံလာလုပ်ပေးဆိုလို့ အဲ့ဒါကြောင့်ကြိုရောက်နေတာ"

ချန်းယောလ်နဲ့ ဂျုံအင် စကားပြောနေတုန်း ပွစိပွစိဟိုတိုးဒီတိုက်နဲ့ စကားများလာတဲ့ ဆယ်ဟွန်းနဲ့ဘတ်ဟျွန်းက အနားက ခုံတန်းမှာဝင်ထိုင်ကာ

"မင်..."

"ယောက်ဖကြီးနော်"

"ငါကွာ"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now