**********************

"တီ အာ အီး အီး, ထရီး သစ်ပင်"

"ဟုတ်တယ်"

"တီ အိုင် အမ် အီး ,တိုင်မ်း အချိန်"

"အိုခီတယ် ဗျာ"

"တီ အို ပီ ,တော့ပ်  ဂျင်, ထိပ်ဆုံး"

"ဟုတ်တယ်ဗျာ တော်တယ်ဗျာ"

အိုဆယ်ကြက်ပေါက်တို့ တပည့်ဖြစ်သူ စာရွတ်ပြတာကို နားထောင်ပေးနေခြင်း

"ဆရာလေး"

"ဟေ"

"သား နားမလည်တာ တခုရှိတယ်"

"အမယ် အလာကြီးနဲ့ပါလား ဆိုပါဦး ဘာနားမလည်တာလား"

မေးချင်တာကို မေးဖို့ လမ်းကြောင်းနေတဲ့ ကလေးကြောင့် လမ်းဖွင့်ပေးလိုက်တော့

"ထရီး ရယ် တိုင်မ်း ရယ်ကတော့ တမျိုးထဲပဲလေ "

"အွမ်းလေ"

"တော့ပ်ကျ ၂မျိုးကြီးတောင် ဂျင် နဲ့ ထိပ်ဆုံးတဲ့"

"ဘာဖြစ်လို့လဲ"

"တော့ပ်က အဲ့၂မျိုးပဲရှိတာပေါ့နော် ထပ်မရှိတော့ဘူးမို့လား ဆရာလေး"

"ဟမ် ရှိတော့ရှိတယ် မင်းအတန်းနဲ့ ကိုက်တာပဲ ငါသင်ပေးထားတာ"

"အော် ဒါဆို ကျနော်သိတာလဲ ရှိတယ်ပေါ့"

မေးထောက်က စဥ်းစားနေတဲ့ ငတိက ဆရာကြီးစတိုင်နဲ့ပင်

"မင်းက ဘာသိတာလဲ ပြောပါဦး"

"ဟို သိတာထက် ကြားခဲ့ပါတယ်"

"........."

"ဟိုလမ်းထိပ်က အမကြီးတွေပြောတာကြားခဲ့တာ ဆရာလေးကလည်း တော့ပ် ဆို "

"ဟမ်"

ဆယ်ဟွန်းကြောင်သွားရသလို ဘေးကကွပ်ပျစ်မှာ ခေါက်ဆွဲလုပ်ဖို့ဂျုံမှုန့်နယ်နေတဲ့ ဂျုံအင်ကပါ စာသင်နေတဲ့ သူတို့နှစ်ယောက်ကို ခပ်စောင်းစောင်းကြည့်လာသည်

"ဟုတ်တယ် အဲ့အမကြီးတွေပြောတာ ဆရာလေးက တော့ပ် ဦးလေးဂျုံအင်က ဘော့ပါဆိုလားပဲ အဲ့ဒါကြောင့် တော့ပ်ရဲ့အဓိပ္ပာယ်မှာ ဆရာဆိုတာကော ထည့်မှတ်ရမှာလား"

သူ့ဟာသူ စဥ်းစားလိုက် ပြောလိုက်နဲ့ ဟုတ်တော့ ဟုတ်နေပြီ

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now