Final ❤️

2K 215 20
                                    

"ညောင်းနေပြီလား"

ဘတ်ဟျွန်းပေါ် ပါးစပ်ဟစိလေးနဲ့ အိပ်ပျော်နေတဲ့ သမီးကိုကြည့်ရင်းမေးလိုက်တော့

"ဟင့်အင်"

"သမီးကို နောက်ခန်းထဲ ပို့ပေးရမလား"

"ရတယ် မောင် ပွေ့ထားလိုက်မယ် အမေတို့ဆီလဲ ရောက်တော့မှာပဲကို"

"၁နာရီလောက်တော့ မောင်းရဦးမှာနော် မောင်က ခြေကျင်နေမှာစိုးလို့"

"ကျင်တာကတော့ ကျင်တာပေါ့ လေးတာလဲ ပြောမနေနဲ့ မောင့်သမီးဝက်ပုတ်က "

သမီးရဲ့ ပါးဖောင်းဖောင်းလေးကို ငုံ့ကာနမ်းရှိုက်ရင်း ကြည်ကြည်နူးနူးပြောလာတဲ့ ဘတ်ဟျွန်းကြောင့် ချန်းယောလ် ခပ်ဟဟ ရယ်လိုက်ကာ

"ကားမောင်းခဲ့မလား မောင်သမီးကို တလှည့်ပွေ့ပေးမယ်လေ"

"အဲ့လို လုပ်မလား"

မျက်လုံးအကြည့်တွေကအစ တောက်ပလို့ ဒီကောင်လေး ခြေကျင်နေပြီထင်ပါ့

ချန်းယောလ် လမ်းဘေးတစ်နေရာ ထိုးရပ်လိုက်ပြီး

"ပေးသမီးကို"

ဘတ်ဟျွန်းလက်ထဲက သမီးကို မနိုးအောင်သေချာပွေ့ကာ ချီထားလိုက်ပြီး

"ခနနေဦး ပြီးမှလဲရအောင် အခုခြေကျင်နေတာမို့လား"

"အွမ်း နဲနဲပါ"

လက်သီးဆုပ်လေးတွေနဲ့ ခြေထောက်လေးတွေကိုထုရင်း ပြောလာတဲ့ဘတ်ဟျွန်း

"သမီးက တကယ်တော့ ပွေ့ရမယ့်အရွယ် မဟုတ်တော့ပါဘူးကွာ"

"ဘာ မောင်နော် သမီးက အခုမှ ပုစိလေးရှိသေးတာ"

"ဟားဟားဟားးးးး"

သူ့သမီးကို ပွေ့ရမယ့်အရွယ် မဟုတ်တော့ဘူးပြောလို့ ရန်စွာလာတဲ့ အဖေသေးသေးလေးကြောင့် ချန်းယောလ် တိုးတိုးညှင်ညှင် ရယ်မိသည်

တကယ့်ဟာလေ သူ့သမီးကဝတာမှတစ်တုတ်လို့ကို မနိုင့်တနိုင်အတင်းတွေ ပွေ့ပွေ့ချီတာ ကလေးကကလေးပြန်မချီထားသလိုလို

"ရပြီ လဲရစို့"

"ဟုတ်ပါပြီဗျာ"

နှစ်ယောက်လုံး ကားထဲကထွက်ပြီးနေရာလဲကာ ဘတ်ဟျွန်းမောင်းတဲ့ ကားနဲ့ ခရီးဆက်ခဲ့ကြသည်ပေါ့.....

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now