ဖေဖေကလည်း အန်တီနဲ့ကွဲပြီး၁နှစ်ကျော်လောက်နေတော့ ကိုယ်တွေမသိအောင် အချင်းချင်းပြန်ဆက်သွယ်နေကြသည်လေ သိသားပဲ ရှက်မှာစိုးလို့ ကိုယ်ကဘာမှမပြောတာ လူပဲလေ ချစ်တာကို

********************

"သမီး"

ကျောင်းဝန်းထဲကနေ ထမင်းဘူးလေးဆွဲကာ ထွက်လာတဲ့သမီးက ချန်းယောလ် လဲမြင်ရော အပြေးပြေးလာသည်

ဆီးကြိုကာ ပွေ့ဖက်လိုက်ပြီး

"လဲနေဦးမယ် ‌ဖြည်းဖြည်းလာလဲ ရတာကိုသမီးရယ်"

"ဟီးဟီးးးးး ဖေကြီး ချောကလက်ဝယ်ကျွေး"

သွားအဖြီးသားနဲ့ပြောလာတဲ့သမီး နှာခေါင်းလုံးလုံးလေးကို အသာဆွဲလိမ်လိုက်ပြီး

"ဟုတ်ပါပြီဗျာ ဝယ်ကျွေးပါ့မယ်ဗျာ "

"ခိခ်ခိခ် ချစ်တယ် ဖေကြီး"

"အမယ် သူလိုချင်တာရတော့ "

*******************

"ဖိုးဖိုးကြီး ပြန်လာပါပြီရှင် ဖေဖေပြန်လာပါပြီရှင်"

"ဟေးး ငါ့မြေးတို့ပြန်လာပြီဟေ့"

ဘတ်ဟျွန်း အိမ်ပေါ်ထပ်ကနေ အမြန်ပြေးဆင်းလာကာ

"အားရီးဂူး ငါ့သမီးတို့က ဒီနေ့စောလိုက်တာ"

သမီးကိုပွေ့ချီကာ ချန်းယောလ် လက်ထဲက အထုပ်တွေပြောင်းယူလိုက်ပြီး

"မောင် ရေသွားချိုးတော့ ပြီးရင် ညစာစားမယ်"

"အွမ်း သမီးကိုလဲ မောင်ပဲချိုးပေးလိုက်မယ်လေ"

"သမီးကို မချိုးပေးတော့ဘူးလားလို့ မနက်ကျလည်း အစောကြီး အမေတို့ဆီသွားရမှာဆိုတော့လေ နေမကောင်းမှာစိုးလို့"

"ဟုတ်ပါပြီ အဖေ ကျနော် ရေသွားချိုးလိုက်ဦးမယ်ဗျ"

"ကောင်းပြီ ကောင်းပြီ ချန်းယောလ် မြန်မြန်တော့ချိုးကွာ ညနေစောင်းပြီ"

"ဟုတ်"

*******************

"ဒီနေ့ ကျောင်းမှာ ဘာတွေသင်လိုက်တာလဲ"

"ကဗျာတွေ သင်လိုက်တာ ဝက်ဝံအကြီးကြီးအကြောင်းတွေကော"

"ဟုတ်လား အာ"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now