30 Zaw+Uni

1.6K 201 8
                                    

"ရှေ့တန်းက စာလေးတွေရောက်လာ....ထပ်တလဲလဲ ပြန်ဖတ်နေမိတာ တာဝန်ကြားထဲ မအားမလပ် ရေးတဲ့မောင်တစ်ယောက်ပါ.......လူကြုံပါးမယ့် သတင်းများကို အစဉ်နားစွင့်ရတာ ဒါ...ဒါ...ဒါ..."

သီချင်းလေး တညည်းညည်းနဲ့ ညနေစာ အတွက် ချက်ပြုတ်နေတုန်း

🎶🎶🎶🎶🎶

"သား မင့်ဖုန်းလာနေတယ်"

"လာပြီ ဖေဖေ လာပြီ အန်တီကြီး ဟင်းအိုးလေးကြည့်ထားနော် ဆားထပ်မထည့်နဲ့တော့"

"ဟုတ်ပြီ ဘတ်လေး ကြည့်ထားမယ်"

ဘတ်ဟျွန်း အိမ်ရှေ့ကိုအမြန်ပြေးကာ စားပွဲပေါ်က ဖုန်းကိုကောက်ကိုင်လိုက်တော့ မောင်

"မောင် ပြော"

"............"

"အွမ်း အဲ့ဒါဆို သမီးကိုပါ တခါတည်းဝင်ကြိုခဲ့လိုက်တော့ ကျနော်မကြိုတော့ဘူး"

".............."

"အိုခေ မောင်တို့အကြိုက် ရှယ်ချက်ထားတယ်"

"..............."

"မွမွ အူးးးမွ ချစ်တယ် ဒါပဲ"

စိတ်ရှိလက်ရှိပြောပြီးမှ အနားမှာTVထိုင်ကြည့်နေတဲ့ ဖေဖေ့ကို သတိရကာကြည့်လိုက်တော့ ကိုယ့်ကိုရှုံ့တွကာကြည့်နေသည်

"ငါ့သားမလဲ အရမ်းတွေက ကဲစိန်လုပ်တာ အဖေရှိနေတာလေးလဲ သတိထားဦး"

"ဟောဗျာ ချစ်တာကို ဖုံးကွယ်နေရဦးမှာလား ဖေဖေရဲ့"

ထိုအချိန် ဖေဖေ့ခါးကြားထဲက ရုတ်တရက်မြည်လာတဲ့ဖုန်းသံ

"အဟမ်း သွား သွားတော့လေ ဟင်းအိုးတူးမယ်"

မျက်စိ မျက်နှာပျက်ကာ ရှက်ရမ်းရမ်းပြီးနှင်ထုတ်နေတဲ့ ဖေဖေကြောင့် ဘတ်ဟျွန်းစချင်သွားကာ

"အန်တီ့ကို ပြောလိုက်ပါဦး ညီမလေးကော အားရင်လာလည်လို့ ဖေဖေတို့နဲ့တော့ခက်ပြီ မသိတာလဲမဟုတ်"

"ဟေ့ကောင် မင်း"

ပြောချင်တာတွေပြောပြီး လျှာထုတ်ပြောင်ပြကာ မီးဖိုချောင်ထဲသာ အပြေးပြန်ဝင်ခဲ့တော့သည်

အခုဆို သမီးက၄နှစ်ကျော်လို့၅နှစ်ထဲ ရောက်နေပြီ မူကြိုတောင်စထားနေပြီ.....ကျားကျားကတော့ ဖေဖေ့နေရာအစားဝင်ပြီးလုပ်နေပြီ ပိတ်ရက်၂ရက်ကိုတော့ အမေတို့ဆီပြန်နေကြတယ် အမေကလဲဟိုမှာအေးဆေး ဆယ်ဟွန်းအမေတို့နဲ့ ပျော်ပျော်ရွှင်ရွှင်နေနေတယ် ဘဝကဘာပူပန်စရာမှမရှိဘဲ အေးချမ်းနေတာပါပဲ

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now