"ဟုတ်ပါပြီ ဗလကြီးရဲ့ ခင်ပွန်းလေးရယ် နဲနဲပဲထပ်ဝယ်ပါတော့ ဟုတ်ပြီလား"

"ဟားးဟားးးယောကျ်ားက ချစ်စရာကြီး နှစ်ကူးညကို ကလေးတွေနဲ့ပျော်ပျော်ပါးပါးများများစားရအောင်လို့ပါ"

"ဟုတ်ပါပြီဗျာ"

အစကလို ဟိုပြေးဒီပြေးမလုပ်တော့ပဲ ဘေးကနေယှဥ်လျှောက်ကာ  ဟိုငေးဒီငေးနဲ့ လိုက်လာပြန်သည်

"ဝယ်စရာမရှိလဲပြန်ကြစို့လေ"

"အွမ်းမရှိလောက်တော့ပါဘူး"

ပါးစပ်ကသာမရှိလောက်တော့ဘူး လူက ရေခဲမုန့်ဆိုင်ဘက်ရောက်နေပြီ

"ရေခဲ့မုန့် ၃ခုပေးပါ"

"၅ခုဝယ်လေ ၃ခုနဲ့လောက်ပါ့မလား"

နောက်ကနေ ကပ်ကာ ချန်းယောလ်ပြောလိုက်တော့ လှည့်ကြည့်လာပြီး သူ့ရင်ဘတ်သူပုတ်ကာ

"ဒီအချောလေးတွက်၂ခု ဒီကလူကြီးတွက်၁ခု ဟုတ်ပြီလား ဘယ်နားမလောက်တာလဲ "

"ဟမ် မသိပါဘူး အိမ်အတွက်လားလို့"

"အိမ်အတွက်ကော ဝယ်ခဲ့ရမလား အင်းပါလေ နောက်ထပ်၄ခုပေးပါ"

"ဟင်၃ခုဆိုလောက်ပြီလေ အဖေရယ်ဆယ်ဟွန်းရယ်ဂျုံအင်ရယ်"

"ဟောဗျာမောင်ကလဲမေ့တတ်လိုက်တာ"

"........"

"ဒီကအချောလေးတွက်ကကော"

"ဟာ  ဒါတော့လွန်သွားပြီ ချောင်းဆိုးမယ်လေ ချွဲကျပ်မယ်"

"စားမှာ နေပူပါတယ်ဆို အေးတာလေးစားပေးရတယ်"

နောက်ဆုံးတော့ ကိုယ်တော်က ရေခဲမုန့်၂ခု ကိုင်ကာ စားရင်းရှေ့ကနေ ကော့တော့ကော့တော့နဲ့ ထွက်သွားတော့သည် အော် ငါ့မလဲ ခေါင်းကွဲနေတာမှ အေးအေးနေရဦးမှာပါလား......

*******************

"ဂျုံလေး အသဲလေးစား အရေခွံကြီးက အဆီတက်တယ်"

"ဟာ ဆယ်ဟွန်ပဲစားပါ အသဲက"

၂ယောက် ဟိုပန်းကန်ထဲက ဒီပန်ကန်းပြောင်းထည့်လိုက် ဟိုလိုလုပ်လိုက် ဒီလိုလုပ်လိုက်နဲ့ ချန်းယောလ်တော်တော်မျက်စိနောက်နေပြီ

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now