"ဖေဖေ ဒါသားယောကျ်ား"
"ငါ့သားကတော့နောက်ပြီ မင်းယောကျ်ားငါ သိပါတယ်ကွ"
"ခိခ်ခိခ်မေ့နေမှာစိုးလို့"
"အဖေ အယ် ဦးလေး "
"အဖေပဲခေါ်ပါကွာ မင်းလဲငါ့သားပဲဟာ"
"ဟုတ် အဖေ နေကောင်းသွားပြီလား"
"အင်းး ဒီလိုပါပဲ အသင့်အတင့်ပေါ့"
"ဟုတ်"
"ဒါနဲ့ သားချန်းယောလ် မင်းကိုတိုင်ပင်စရာတွေရှိတယ် "
"ဟာ ဖေဖေကလဲ နောက်မှ ပြောတော့ဗျာ သားယောကျ်ားခုမှရောက်တာကို"
နှုတ်ခမ်းကို အသေထော်ကာပြောလာတဲ့ဘတ်ဟျွန်းကြောင့်
"ဒီကောင်လေးနဲ့ ငါထုလိုက်ရ မကောင်းရှိမယ် မင့်ပါထိုင်နေလို့ရတယ် ငါ့နဲ့"
"တော်ဗျာ ညမှစားရင်းသောက်ရင်းပြောတော့ အခု အပြင်စျေးဝယ်သွားဦးမယ် ညကျ စားပွဲသောက်ပွဲလေးလုပ်ရအောင်"
"အေးပါ ကောင်းကောင်းသွားကြဦး"
"လာ မောင် သွားမယ်"
"အော်ဒီကောင်လေးနဲ့ အဖေရှေ့ကို မနိုင်ဘူး တကယ်"
*********************
"ဒါလေးကော ယူမယ်"
"ဒါလေးလဲ ကောင်းမှာ"
"ဒါဒါလေး"
"ဒီဟာအိမ်မှာမရှိတော့ဘူးထင်တယ်"
တစ်ယောက်တည်းပြာယာခတ်ကာ ဟိုယူဒီယူလုပ်နေတဲ့နောက် ပတ်ချန်းယောလ်တစ်ယောက်စျေးခြင်းဆွဲကာ လိုက်နေရတော့သည်
"အင့် ဒါကော"
နောက်တစ်ခါလာထည့်တဲ့အခေါက်မှာတော့
"ခနခန ဖြေးဖြေးယူပါ ဒီမှာကြည့်ဦး မောင် မသယ်နိုင်တော့ဘူး"
ဟိုဘက်ဒီဘက်ဆွဲထားရတဲ့ခြင်း၂ခုကိုပြကာပြောလိုက်တော့
"အာ ငါ့ယောကျ်ားက တကယ့်ဗလကြီးကွာ လက်မောင်းကြီးကို တောင့်တင်းနေတာပဲ"
နဲနဲလေးညည်းမိပါတယ် မျက်နှာကိုကြည်တောက်ပြုံးရွှင်ပြီး ကိုယ်မခံနိုင်လောက်တဲ့အပြုံးတွေနဲ့ လက်မောင်းကိုလည်း လာညှစ်နေသေးသည်
YOU ARE READING
ပွေလီငရှုပ်လေးရဲ့ချစ်ရသူ
FanfictionPCY-တော်တော်လည်တဲ့ငရှုပ် BBH-သဲ လည်တာချစ်ဖို့မကောင်းဘူးလားလို့ ဟင် ဘဲကြီး