"ဆယ်ဟွန်း ဆယ်ဟွန်း ငါနဲ့ခန လိုက်ခဲ့ဦးစျေးဝယ်"

"အကိုဘတ်ဟျွန်း"

ဆယ်ဟွန်းတို့အခန်းရှေ့ရပ်ကာအော်လိုက်တော့ ဂျုံအင်က တံခါးဖွင့်ကာအရင်ထွက်လာတာမို့

"ဂျုံလေး ဖေဖေနဲ့သမီးကို နေ့လယ်စာလေး ဂရုစိုက်ပေးပါဦး အကို ဆယ်ဟွန်းနဲ့  ဒီညနှစ်ကူးဆိုတော့ မုန့်လေးဘာလေးလုပ်စားရအောင် စျေးသွားဦးမယ်"

"........"

"ကြားလား ဟမ် ဘာဖြစ်နေတာလဲ ဂျုံလေး မျက်နှာမကောင်းဘူး ရန်ဖြစ်ထားကြတာလား "

"အိုဆယ်ဟွန်း အနိုင်ကျင့်နေပြန်ပြီလားမင်း"

အခန်းတံခါးကို တွန်းဖွင့်ကာ ဝင်သွားတော့ မျက်ရည် အရွှဲသားနဲ့ကုတင်ဘေးထိုင်နေတဲ့ ဆယ်ဟွန်း

"ဘာဖြစ်နေကြတာလဲ မင်းတို့က"

အပေါက်ဝမှာရပ်နေတဲ့ ဂျုံအင့်ကိုတလှည့် ဆယ်ဟွန်းကို တလှည့် ကြည့်ကာမေးတော့လည်း နှစ်ယောက်သားမှိုင်တွေတွေနဲ့သာ

"ဘာဖြစ်နေတာလဲလို့ ဟမ် ဘာလို့ငိုနေတာလဲ"

အသဲအသန် ငိုချင်းချနေတဲ့ ဆယ်ဟွန်းနားပဲ သွားကာ မေးလိုက်တော့

" ယောက် ယောက်ဖ ဟင့် အင့် မခံစားနိုင်ဘူး အီးးးးဟီးးးး"

"ဟာ ရင်ပူလာပြီ ဘာလဲလို့"

ဘတ်ဟျွန်း ဆယ်ဟွန်းလက်မောင်းရင်းကနေ ခပ်ကြမ်းကြမ်းလှုပ်မေးလိုက်တော့မှ

"အရီး အရီးဖုန်းဆက်တယ်"

"အွမ်း အဲ့တော့"

"မ မနေ့ က နေ့လယ်ခင်း"

"ဘာဖြစ်တာလဲလို့ ထစ်မနေနဲ့ဆယ်ဟွန်း"

မေးနေရင်း ရင်တွေပင်ပူလာကာ အော်လိုက်မိသည်

"အကိုချန်းယောလ် အကို ဟင့်ဟီးးးး"

"အိုဆယ်ဟွန်း ငါ့ယောကျ်ားဘာဖြစ်တာလဲလို့ ဟမ် ဘာဖြစ်တာလဲလို့"

ရင်တခုလုံးဗြောင်းဆန်ကာ မျက်ရည်တွေပင် မသိလိုက်ဘဲ ကျလာတော့သည်

"အင့် ခေါင်းရိုက်ခံထိလို့တဲ့ အဲ့ဒါ ဟင့် အခုနေ့ထိသတိမရသေးဘူးတဲ့ ယောက်ဖရဲ့ ဟီးးးးးဟင့်"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now