28 Zaw+Uni

1.6K 209 14
                                    

"ဖေဖေ လိမ္မော်သီး"

သမီးကို ပွေ့ကာ ဧည့်ခန်းမှာ TVထိုင်ကြည့်နေတဲ့ဖေဖေ

"တော်ပါပြီဆို သားရာ ဖေဖေ ဝနေပြီ ဘယ်နှလုံးတောင်ရှိနေပြီလဲ"

စိတ်ပြေလက်ပျောက် ဖေဖေ့ကို အိမ်အောက်ထပ် ဧည့်ခန်းထဲ ခေါ်ကာ သမီးနဲ့အတူ TVကြည့်ခိုင်းနေခြင်းပင်

"ခိခ်ခိခ် စားပေါ့ ဖေဖေကလည်း အားရှိတာပေါ့"

"ခွေးကောင်လေး သွားကျိန်းနေပြီကွ ဒီမှာ"

"ခိခ်ခိခ်"

ဖေဖေက သူ့လက်နဲ့ ဆံပင်တွေက  ခပ်ဖွဖွ ထိုးဆွရင်းပြောလာတာမို့ ဘတ်ဟျွန်းခေါင်းကိုပိုငုံ့ပေးလိုက်သည်

"ဒါနဲ့ နှစ်ကူးပြီနော် ဒီည နေ့တွေလတွေကလဲ မြန်လိုက်တာ....."

"ဟုတ်ပါ့ ဖေဖေရယ် "

"ဒါနဲ့ သမက်လေးက မလာသေးဘူးလား"

"နက်ဖန်လောက် လာမလားမသိဘူး မနေ့ကနေ့လယ်ကလည်းဖုန်းဆက်ဆိုတာ မဆက်ဘူး ညကဆက်တော့လဲ မကိုင်ဘူး"

"မအားလို့နေမယ် ကြိုးစားတယ်ကွာ ငါ့သမက်ကတော့"

"ဖေဖေ့သား အရွေးတော်တာပါ"

"ဟားဟားးးး ဟုတ်ပါ့ဗျာ ကောက်ကောက်ပါအောင်ကို လိုက်သွားတာ ငါ့သားကတော့"

"ဟိဟိ ဖေဖေ့မြေး နေ့လယ်စာကျွေးမှထင်တယ် ခနနေ စျေးဝယ်ထွက်ရမှာနဲ့"

"ဖေဖေကျွေးထားလိုက်မယ်လေ သားစိတ်ချလက်ချသွား"

"ဟုတ် ဖေဖေကောနေကောင်းရဲ့လား"

"ကောင်းပါ့ဗျာ ကောင်းပါ့ ဒီလိုပုံစံနဲ့ဆို နောက်၁၀နှစ်လောက်နေနိုင်သေးတယ်ထင်ပါ့ ဒီမြေးလေးမျက်နှာကြည့်ပြီး"

"အဲ့ဟက်"

ဖေဖေကသမီးမေးလေးကို ကိုင်ကာပြောတော့သမီးက သဘောကျနေဟန်

"အဲ့ဒါဆို သားဆယ်ဟွန်းကို ခေါ်သွားမယ် ဂျုံလေးကို လည်းဖေဖေနဲ့သမီးအတွက်နေ့လယ်စာပြင်ပေးဖို့ မှာထားခဲ့မယ်နော်"

"အေးအေး သား ကောင်းကောင်းသွား"

***********************

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now