အခန်း - ၉၉ (ပထမစစ်ပွဲတွင် အောင်မြင်မှုဆွတ်ခူးခြင်း)

12.2K 2.3K 528
                                    

[ကိုယ်တော့်အတွက် ကိစ္စတစ်ခုလောက် ဆောင်ရွက်ပေးပါလား]

ယနေ့ မြင်းတပ်စခန်းသို့ တောင်သခင်ယဲ့ပြန်ရောက်လာတော့ သွမ့်ပိုင်ယွဲ့ ပြန်သွားပြီဖြစ်ကြောင်း သတင်းကြားလိုက်ရသည်။

ပြန်လိုက်​ေတာ့လည်း အေးတာပဲ။

ယဲ့ကျင်က အပြင်ကဝယ်လာသော မုန့်များကို အစ်ကိုဖြစ်သူဆီ တစ်ဝက်လာမျှပေးရင်း အဖန်တလဲလဲ ဩဝါဒခြွေနေ၏။

ချူယွမ်လည်း ကန်စွန်းဥကို တစ်ကိုက်ကိုက်စားလိုက်ကာ တည်ကြည်လေးနက်လှသော ဟန်ပန်ဖြင့်သာ ခေါင်းညိတ်ပြလိုက်၏။

"အင်းပါ"

လက်စွဲတော်ဓားကိုပိုက်ကာ ခေါင်မိုးပေါ်တွင် တက်ထိုင်နေရသော သွမ့်ပိုင်ယွဲ့ခမျာ ရယ်ရခက် ငိုရခက်။

*****

နောက်နှစ်ရက်လွန်မြောက်သွားသော် တာ့ချူတပ်မတော်ကြီးလည်း ရဲစွမ်းသတ္တိအပြည့်နှင့် တုန်းဟိုင်ဒေသရှိ တာ့ခွန်းမြို့သို့ ဦးတည်ချီတက်လာကြ၏။ သွမ့်ပိုင်ယွဲ့ကလည်း မုယန်မြို့သို့ တစ်ရက်စောပြီး ကြိုတင်ရောက်ရှိနှင့်နေပြီဖြစ်သည်။

ချူမျိုးနွယ်သားအဖနှစ်ဦးမှာ ဆိုးသွမ်းယုတ်မာလှသော အကြံရှိကြ၏။ ဒီတစ်ခေါက် ရှီးနန်စံအိမ်တော်နှင့် ပူးပေါင်းသည်ဆိုသည်မှာလည်း ချူယွမ်ကို တစ်ခါတည်း အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန် ပူးပေါင်းခြင်းသာဖြစ်သည်။ ထို့နောက် မြောက်အရပ်သို့ဆန်တက်ပြီး ရွှေမြို့တော်ကို သိမ်းပိုက်မည်။ ထို့နောက် တာ့ချူပြည်ထောင်ကြီးကို နှစ်ခြမ်းခြမ်းကာ သွမ့်ပိုင်ယွဲ့နှင့် ခွဲဝေမျှယူကြမည်။ တစ်ဦးက တောင်ပိုင်း၊ တစ်ဦးကမြောက်ပိုင်းကို သိမ်းပိုက်အုပ်စိုးကာ မိမိတို့ဘာသာ ဧကရာဇ်အဖြစ် ကြေညာပြီး စိုးစံအုပ်ချုပ်သွားမည်ဖြစ်သည်။

"နောင်အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်ဘူး။ ဘယ်သူ့ကိုမှလည်း အတည်တကျ ယုံစားလို့မရဘူး။ ကျွန်တော်ရယ် အဖေရယ် ဒို့သားအဖနှစ်ယောက် ဒီအချုပ်အခြာအာဏာကိုသာ တည်မြဲအောင် ထိန်းချုပ်နိုင်ပြီဆိုတာနဲ့ ပိုင်ဟယ်မြစ်တောင်ပိုင်းကိုရော၊ မင်ချီမြစ်တောင်ပိုင်း(ရှီးနန်)ထိပါ ပြန်ပြီးသိမ်းပိုက်ရမယ်"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Nơi câu chuyện tồn tại. Hãy khám phá bây giờ