အခန်း - ၃၉ (သဘောတူညီချက်တစ်ခုလောက် လုပ်ကြရအောင်ပါ)

12.7K 2.4K 175
                                    

[ နေရာအနှံ့မှာ ရွှေတွေ ချည်းပဲ ]

ကျင့်လျိုထျဲန်းက ထိုသို့သောအဖြေမျိုးကြားရမည်ဟု မထင်ထားသဖြင့် ဟက်ဟက်ပက်ပက်ရယ်မောမိလိုက်ပြီးပြောလာသည်။

"အရင်က ကောကလာဟလတွေပဲကြားဖူးခဲ့တာ၊ ရှီးနန်၀မ်လည်း နက်ရှိုင်းစွာချစ်တတ်တဲ့ နှလုံးသားရှိမယ်မှန်း ထင်မထားမိပေဘူး"

သွမ့်ယောင်က စိတ်ထဲမှ ချက်ချင်းငြင်းလိုက်လေ၏။

နက်နက်ရှိုင်းရှိုင်းချစ်တာမဟုတ်ဘူး။ ချစ်တတ်လွန်းတဲ့ အချစ်နတ်ဘုရားကြီးပါနော်။ အဲ့ဂုဏ်ပုဒ်ကို လည်ပင်းမှာဆွဲပေးပြီး မီးရှူးမီးပန်းဖောက်ပေးပြီးတော့ကို ဂုဏ်ပြုရမယ့် ချစ်တတ်လွန်းသူကြီးပါနော်။

"ဘယ်လိုလဲ၊ ပူးပေါင်းလိုက်မယ်ဆိုရင် အသင်ရော ပန်၀မ်းအတွက်ပါ နှစ်ဦးနှစ်ဖက်အကျိုးရှိပါမယ်"

"အကျိုးရှိမလား အပြစ်ဖြစ်မလား ခုချိန်တော့ သေချာမသိနိုင်သေးဘူး။ဒါပေမယ့် ၀မ်ရယ်နဲ့ သေရည်သောက်ဖို့တော့ ကျွန်တော်မျိုး အလွန် ၀မ်းမြောက်မိမှာပါ"

"ကောင်းပြီ"

ကျင့်လျိုထျဲန်းက သူ့အားဂါရ၀ပြုလိုက်ကာ-

"မနက်ဖြန် ညနေခင်းမှာ ဖေးလွမ်မြိုင်နန်းက စားသောက်ပွဲကျင်းပပါမယ်။ ကျွန်တော်မျိုးတို့ကို ထောက်ထားငဲ့ညှာသောအားဖြင့် ၀မ်ရယ်လည်း တက်ရောက်ချီးမြှင့်ပေးပါဦး။ ဒီနေ့နော့ တခြားကိစ္စတွေလုပ်စရာအများကြီးကျန်သေးတာမို့ ကျွန်တော်မျိုးကို ခွင့်ပြုပါဦး"

သွမ့်ပိုင်ယွဲ့ ခေါင်းညိတ်လိုက်ကာ ထိုသူထွက်သွားတော့မှ သွမ့်ယောင်ကမေးလာ၏။

"နောင်တော်၊ ဟိုစံအိမ်ဘက် ကျွန်တော်သွားစောင့်ကြည့်ပေးရမလား"

"မလိုဘူး။ ဖေးလွမ်မြိုင်နန်းစောင့်ကြည့်နေတော့ ခုလောလောဆယ် နောက်ထပ်လူသွတာတွေ ပေါ်လာမှာတော့မဟုတ်ဘူး။ တည်းခိုဆောင်ပြန်သွားပြီးအိပ်တော့၊ ဘာကိစ္စပဲရှိရှိ မနက်ဖြန်ကျမှ ဆက်ပြောကြရအောင်"

သွမ့်ယောင်လည်း သတိပေးလာ၏။

"နောင်တော် ....အဲ့ဒီ ဖေးလွမ်မြိုင်နန်းသခင်မျက်နှာထားကို ကြည့်ရတာ ဒို့တတွေကို သိပ်ပြီး ကြိုဆိုချင်နေတာမဟုတ်ဘူး။ သူ့ဘက်က အသာတကြည်ပူးပေါင်းလာလိမ့်မယ်လို့ နောင်တော်ထင်လားဟင်"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now