အခန်း- ၅၁ (အဆက်)

15.9K 2.4K 397
                                    

ရှစ်ဇီလည်း အပြင်ဘက်အနီးအနားရှိ ရဲမက်များကို အဝေးသို့ အမြန်မောင်းထုတ်ပေးထားလိုက်ကာ ကိုယ်တိုင်မှာလည်း အညောင်းအညာဆန့်ကာ ပီတိတစ်ခွဲသားနှင့် စိတ်အေးလက်အေး လက်ဖက်ရည် ထိုင်သောက်နေလိုက်သည်။

သန်းခေါင်ယံလွန်သွားပြီး အတော်ကြာတော့မှ သွမ့်ပိုင်ယွဲ့တစ်ယောက် ရေနွေးအမြန်ယူလာရန် စေခိုင်းလိုက်သည်။ ထို့နောက် ချူယွမ်တစ်ကိုယ်လုံးအား ကိုယ်တိုင်ကိုယ်ကျ သေချာသန့်စင်ပေးလိုက်ပြီး အတွင်း၀တ်ရုံပါ ၀တ်ဆင်ပေးလိုက်သည်။

ချူယွမ်၏ ပါးပြင်နှစ်ဖက်စလုံး နီရဲနေဆဲပင်၊ မျက်နှာလေးလည်း ရှုံ့မဲ့နေကာ အတော်အတန်ပင် နွမ်းလျနေသည့်ဟန်ရနေ၏။

ဘေးနားတွင် လဲလျောင်းနေသော သွမ့်ပိုင်ယွဲ့ကတော့ ချူယွမ့်နဖူးထက် လက်တင်ပြီး အဖျားတက်မတက် ခဏခဏ တိုင်းနေသည်၊ သို့သော် အားမရသေးသည့်နှယ်လက်ကောက်၀တ်ရှိ သွေးကြောများကိုပါ ကိုင်တွယ်စမ်းသပ်နေပြီး မေးလာသေး၏။

"အရမ်းနာနေသေးလား"

ချူယွမ် မျက်၀န်းများ ဖြည်းဖြည်းချင်း ပွင့်ဟလာကာ ခေါင်းညိတ်ပြလိုက်သည်။

သွမ့်ပိုင်ယွဲ့လည်း ချက်ချင်းပင် ချူယွမ်အား ရင်ခွင်ထဲ သိမ်းသွင်း ပွေ့ဖက်ထားလိုက်ကာ-

"တစ်ညလောက် အနားယူလိုက်ရင်တော့ သက်သာသွားမှာပါ"

ချူယွမ် ရယ်ချင်သွား၏။

"မင်းက ဘယ်လိုသမားတော်မျိုးပါလိမ့်"

"သမားတော် မဟုတ်ရပါဘူး၊ ဒါပေမယ့် ကိုယ်က မင်းရဲ့.....အွတ်!!!!!"

"တော်တန်တိတ်၊ ငါ အရမ်း ပင်ပန်းနေပြီ"

ချူယွမ် သွမ့်ပိုင်ယွဲဲ့နှုတ်ခမ်းပေါ် အုပ်လိုက်သောလက်ကို ဖယ်ပေးလိုက်သည်။ အသံများကလည်း အက်ရှနေ၏။

"သေချာပေါက် ပင်ပန်းမှာပေါ့ကွာ ။ လာ လာ၊ အနားယူကြစို့။ မင်းကို ထပ်မစတော့ပါဘူး ၊ ဟုတ်ပြီလား"

ချူယွမ် မျက်၀န်းများ ပြန်လည်မှေးစက်သွား၏၊ ခဏနေတော့ ပြန်ပြီး မျက်လုံးပြန်ဖွင့်လာကာ-

ဧကရာဇ်ဗျူဟာWhere stories live. Discover now