အခန်း - ၁၃၀ {ထိပ်ပြောင်နှစ်ကောင်}

8.7K 1.5K 210
                                    

[ တိုက်ဆိုင်စွာ တွေ့ဆုံ​ြခင်း ]

ဝတ်ရုံဖြူအရှင် စစ်ကုန်းလွီ့ဆိုသည်မှာ သိုင်းလောကထဲတွင် အတော်အတန် ကျော်ကြားထင်ရှားသောသူတစ်ယောက်ဖြစ်၏။ အရင်တုန်းက နန်ယန်ဒေသသို့ ချူယွမ်ဆင်းလာခဲ့တုန်းက စစ်ကုန်းလွီ့နှင့် တွေ့ဆုံခဲ့ဖူးသော်လည်း ထိုစဥ်တုန်းက ထျဲန်းချန်ရှားရှာတွေ့ဖို့အရေးသာ စိတ်လောနေခဲ့ကာ သူ့ကို တစ်ချိန်လုံး ရှောင်ပုန်းနေသော သွမ့်ပိုင်ယွဲ့လည်း ရှိနေသေးသဖြင့် သူတစ်ပါးကို အာရုံမစိုက်နိုင်အားခဲ့။ ထို့ကြောင့် ယခု စစ်ကုန်းလွီ့ရောက်လာသည့်အကြောင်းကိုကြားတော့ ဝမ်းမြောက်ဝမ်းသာဖြစ်သွားကာ သွားရောက်တွေ့ဆုံမည်လုပ်၏။ သို့သော်လမ်းခုလတ်မှာတင် သွမ့်ပိုင်ယွဲ့၏ တားဆီးထားလိုက်ခြင်းကို ခံလိုက်ရလေသည်။

"မင်း ဘာထပ်လုပ်ဖို့ ကြံစည်နေတာလဲ"

"ဒါ တမင်သက်သက် လူကိုစွပ်စွဲနေတာပဲ"

သွမ့်ပိုင်ယွဲ့က ပြောရင်းဆိုရင်း ချူယွမ်ကို သင်္ဘောဝမ်းခန်းထဲရှိ နားနေခန်းသို့ ပြန်ခေါ်လာပြီး ဆက်ပြောသည်။

"စစ်ကုန်းကြီးက ပင်လယ်ထဲမျောလာတာ နှစ်ရက်ရှိပြီ၊ သူ့ခမျာ ဗိုက်ကလည်းဆာ ချမ်းကလည်းချမ်းနဲ့။ အခုမှ ဗိုက်ထဲအစာဖြည့်ပြီး အနားယူနေရတာ၊ မင်း ပြောစရာကိစ္စရှိနေရင် မနက်ဖြန်မှပြောလည်း နောက်မကျသေးပါဘူး "

"ဟင်၊ အဲ့လောက်တောင် သနားစရာကောင်းနေတာလား"

ချူယွမ် အံ့ဩသွား၏။

"စရိုက်ကြမ်းတဲ့ဇနီးနဲ့ လက်ထပ်လိုက်တာကိုး၊ ဘယ်တတ်နိုင်မှာလဲ"

သွမ့်ပိုင်ယွဲ့က ချူယွမ်၏လက်ကို ဆုပ်ကိုင်လိုက်ကာ ဆက်ဆို၏။

"ဒို့တွေ လက်ထပ်ပြီးသွားရင် သူ့လိုလိုက်ပြီးအတုမခိုးရဘူးနော်"

ချူယွမ်က ခေတ္တမျှတွေးတောကြည့်လိုက်ပြီးသည့်နောက် ပြောလိုက်၏။

"အနည်းဆုံးတော့ စစ်ကုန်းမှာ လှေရှိသေးတယ်"

သွမ့်ပိုင်ယွဲ့ခမျာ ရယ်ရခက်ငိုရခက်ဖြစ်သွား၏။

"နားထောင်ကြည့်သလောက်တော့ နောင်တစ်ချိန်ကျရင် ကိုယ့်အတွက် လှေတစ်စင်းတောင် မရှိနိုင်ဘူးပေါ့လေ"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now