အခန်း - ၄၂ (နောင်တော် ချစ်ရတဲ့လူကို ကျွန်တော်တွေ့ဖူးသွားပြီ)

13.6K 2.3K 182
                                    

[ ညီဖြစ်သူကတော့ အတော်လန့်သွားလေသည် ]

အရင်တစ်ခေါက် သွမ့်ပိုင်ယွဲ့ ညအိပ်သွားပြီးကတည်းက ချူယွမ်၏သလွန်တော်ခေါင်းရင်းတွင် ခေါင်းအုံးနှစ်ခု အမြဲတမ်း ထားပေးထားသည်။ အိပ်ယာခင်း လာရောက်လဲလှယ်ပေးသော အခြားကုန်းကုန်းများက အပိုဖြစ်နေသော ထိုခေါင်းအုံးကို ဖယ်ထုတ်ပစ်မည်ပြုသော်လည်း ရှစ်ဇီကုန်းကုန်းက ဖယ်ခွင့်မပြုဘဲ ဧကရာဇ်က ဤသို့စက်တော်ခေါ်ရသည်ကို အသားကျနေပြီဖြစ်ကြောင်း ၊ ဖယ်မပေးဘဲ ဤအတိုင်းသာ ထားရမည်ဖြစ်ကြောင်း ​မှာကြားထားပေ၏။

သို့နှင့် သွမ့်ပိုင်ယွဲ့လည်း ချူယွမ် ဘေးနား လဲလျောင်းလိုက်သည်။ ချူယွမ်ကလည်း ဘာမှမပြော။ သွမ့်ပိုင်ယွဲ့အား ကျောပေးပြီး အိပ်နေရာမှသည် သူ့ဘက်သို့ မျက်နှာမူပြီး လှည့်လာလိုက်၏။

ထင်ထားသည့်အတိုင်း သွမ့်ပိုင်ယွဲ့ကလည်း မအိပ်သေးချေ။

"အဖိုးမုချီလည်း ရှစ်ခွင်တိုင်းယန္တရားကို ပြန်တည်ဆောက်တာ အောင်မြင်သွားပြီ။ မနက်
ဖြန်ကျ မင်း အတူတူ သွားကြည့်ချင်လား"

ချူယွမ် ထိုသို့ပြောလာတော့ သွမ့်ပိုင်ယွဲ့ပင် အတော် အံ့သြသွားကာ -

"ကြည့်မယ်လေ။ အဲ့ဒီယန္တရားကို ဒဏ္ဍာရီထဲမှာပဲရှိတဲ့ ပစ္စည်းလို့တောင် မှတ်ထားတာ ၊ တကယ်ကြီး အပြင်မှာ ပြန်တည်ဆောက်ယူလို့ရမယ်လို့ ထင်မထားဘူး"

"အင်း ၊ တကယ်တမ်းက ကြေးနီရုပ်ထုယန္တရားပဲ။ ဒါပေမယ့် ဖေမျဲန်ပြည်ကတော့ကြေးနီစက်ရုပ်အစား အသေခံစစ်သားတွေနဲ့ အစားထိုးထားတယ်လို့ ပြောတယ်၊ ဒါကြောင့် ဖြိုခွဲရပိုခက်မယ်။ ဒါပေမယ့် တော်တော် ကြည့်လို့ကောင်းတာနော်"

"ဘာလို့ ဖေမျဲန်ပြည်အကြောင်း တွေးနေပြန်ပြီလဲကွာ"

သွမ့်ပိုင်ယွဲ့က ချူယွမ်၏ ပါးပြင်နုနုအား ယုယစွာ ထိတွေ့ပွတ်သပ်နေကာ ဆက်ဆို၏။

"ထျဲန်းချန်ရှားက ယုံတမ်းပုံပြင်တွေထဲမှာ ရှိတာကို ဘာလို့ လိုက်ရှာနေရမှာလဲ။ တကယ်လို့များ ဖေမျဲန်ပြည်မှာ အဲ့ဒီဆေး တကယ်ရှိနေတယ်ဆိုရင်လည်း ကိုယ် ကိုယ်တိုင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားယူမှာ၊ မင်း ဘာမှ လုပ်ပေးစရာမလိုဘူး.....သေချာ မှတ်ထားနော် ၊ လိမ္မာတယ်"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Onde histórias criam vida. Descubra agora