အခန်း - ၁၂၂ (အရှင်မင်းမြတ် ကြွချီရာလမ်းတွင် လူတစ်ယောက် ကြားဖြတ်ရောက်လာခြင်း)

8.3K 1.5K 310
                                    

[သွမ့်ရှောင်ဝမ်ရယ်တစ်ယောက် မုန်တိုင်းလေပွေနှင့် တွေ့ဆုံရခြင်း]

ရှီးနန်စံအိမ်တော်တွင် ဖြစ်သည်။

သွမ့်ပိုင်ယွဲ့တစ်ယောက် စံအိမ်ဝန်းထဲ ရပ်နေသည်။ ဘေးနားပတ်ပတ်လည်တွင်မူ ခေါင်းတစ်ခုလုံး မူးနောက်စေလောက်သော တောက်ပြောင်နီလွင်နေသည့် ပိုးထည်စများဖြင့် အဝိုင်းခံနေရသည်။

အရီးတော်ကျင်းက မေးလာ၏။

"ဝမ်ရယ် ဘယ်အဆင်ကို ကြိုက်ပါသလဲ"

"ဘယ်နေရာများ ကွာခြားနေလို့လဲဗျာ"

"ကွာခြားတာပေါ့၊ ဝမ်ရယ်ရဲ့။ အရောင်အဆင်းရော၊ ပန်းထိုးထားတဲ့ လက်ရာတွေရော ၊ တစ်ထည်နဲ့တစ်ထည် တူမှမတူကြတာ။ ထိတွေ့ကိုင်တွယ်ကြည့်ရင်လည်း အသားက ကွာတယ်၊ အနီရောင်တောင်မှ အရောင်ဖျော့လား အရောင်ရင့်လား ကွာသေးတယ်လေ။ ထိမ်းမြားလက်ထပ်ပွဲဆိုတာ အရေးကြီးတဲ့ကိစ္စမို့ အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ ပိုးထည်တွေရွေးရတယ်၊ အဲ့ထဲမှာမှ သေသေချာချာ ထပ်ပြီး စိစစ်ရွေးချယ်ရတာ ။ ပြီးတော့မှ ဝမ်ရယ် အနှစ်ခြိုက်ဆုံးဆိုတဲ့တစ်ခုကို ရွေးရမှာပေါ့"

သွမ့်ပိုင်ယွဲ့တစ်ယောက် ခေါင်းကိုက်လာသယောင်။

"ဒီတစ်ခေါက် အရှင်မင်းမြတ်က တပ်မတော်ကြီးကိုဦးဆောင်ပြီး တောင်ပိုင်းကို စုန်ဆင်းလာတာ စစ်ပွဲဆင်နွှဲဖို့ပါဗျာ ၊ ထိမ်းမြားလက်ထပ်ဖို့မှမဟုတ်တာ "

"စစ်ပွဲပြီးသွားရင် ထိမ်းမြားရတော့မှာမဟုတ်ဘူးလား။ အပ်ချုပ်သမားတစ်ယောက်ကို ခေါ်ပြီး ခုကတည်းက ကိုယ်တိုင်းတွေ တိုင်းထားရမယ်၊ ပြန်လာမယ့်အချိန်ကို စောင့်ရင်းနဲ့ ချုပ်ထားနှင့်လိုက်မယ်လေ ။ ပြန်ရောက်လာတာနဲ့ မြန်မြန်လက်ထပ်လိုက်ကြပေါ့"

"ဘာကိစ္စ မြန်မြန်လက်ထပ်ရမှာလဲဗျာ"

"နန်ယန်က သူပုန်စစ်တပ်ကို နှိမ်နင်းလို့ပြီးသွားရင် တိုင်းပြည်အနှံ့လည်း ငြိမ်းချမ်းသွားပြီ။ အဲ့အချိန်ကျမှ လက်မထပ်ဘူးဆိုရင် ဘယ်အချိန်ထိ အချိန်ထပ်ဆွဲနေဦးမှာလဲ "

"လက်ထပ်မှာက သေချာပါတယ်"

သွမ့်ပိုင်ယွဲ့က ခေတ္တမျှ တိတ်ဆိတ်သွားပြီးသည့်နောက် ဆက်ပြော၏။

ဧကရာဇ်ဗျူဟာWhere stories live. Discover now