အခန်း - ၁၃၂ ( လူဖမ်းခြင်း)

8.1K 1.5K 441
                                    

[ ကိုယ့်အတွက် လိုက်ပြီးစိတ်ပူပေးတတ်တဲ့ ဇနီးမယားကို ပိုင်ဆိုင်ထားရတာ တကယ်ကောင်းတာပဲ]

သို့နှင့် ဆွေးနွေးညှိနှိုင်းမှုကြီး သုံးနာရီတင်းတင်းပြည့်ပြီးခါမှ ပိုင်ရှန့်ပြည်သို့သွားမည့်အစီအစဥ်ကို သဘောတူလက်ခံခဲ့ကြသည်။ ယခုတော့ အပြင်ဘက်တွင် မှောင်အတိကျနေပြီဖြစ်ကာ ချူယွမ်က အပြင်ဝတ်ရုံတစ်လွှာ လွှမ်းခြုံရစ်ပတ်ထားပြီး လေကောင်းလေသန့် လာရှူဖို့ရန် သင်္ဘောဦးထိပ်တွင် ရပ်နေ၏။

"လေတိုက်လာပြီ၊ ဒီမှာ အကြာကြီးနေရင် အအေးမိလိမ့်မယ်"

သွမ့်ပိုင်ယွဲ့ ပြောလာခြင်းဖြစ်၏။ ချူယွမ်က အသံတိုးတိုးဖြင့် ပြန်​ထူးလိုက်သော်လည်း လုံးဝလှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေဆဲသာဖြစ်၏။ ထို့ကြောင့် သွမ့်ပိုင်ယွဲ့က သူနှင့် အဖော်ပြုရန် ဘေးနားတိုးကပ်လာခဲ့လိုက်ပြီး ထပ်မေးလာ၏။

"ဘာအကြောင်းတွေးနေတာလဲ"

"သခင်လေးရှန်"

ချူယွမ်၏အဖြေကြောင့် သွမ့်ပိုင်ယွဲ့ အံ့ဩသွားသည်။

"သခင်လေးရှန်လား၊ ဘာလို့ ရုတ်တရက်ကြီး သူ့ကို သတိရသွားတာလဲ"

"အရင်တုန်းက ငါ ရှန်မျိုးရိုးနာမည်ကို အသုံးချပြီး ဂိုဏ်းချုပ်ချင်ကို နန်းတွင်းအမှုအခင်းတွေ အကြိမ်ကြိမ်ဖြေရှင်းခိုင်းခဲ့ဖူးတယ်။ ဒါပေမယ့် အခုပြန်စဥ်းစားကြည့်တော့မှ ကိုယ့်နှလုံးသားနဲ့ရင်းပြီးချစ်ရတဲ့လူက အန္တရာယ်တောထဲ တိုးဝင်သွားတာကို ကြည့်နေရုံပဲတတ်နိုင်တဲ့အဖြစ်က ဘယ်လိုမျိုးလဲဆိုတာ ငါနားလည်လာပြီ"

သွမ့်ပိုင်ယွဲ့ လွှတ်ခနဲရယ်မိသွား၏။

"ကိုယ့်နှလုံးသားနဲ့ရင်းပြီး ချစ်ရတဲ့လူဆိုတဲ့စကားနဲ့တင် ကိုယ့်ကို ပိုင်ရှန့်ပြည်သွားခိုင်းရုံမကဘူး ၊ ဓားတောင်ကိုဖြတ်ပြီး မီးပင်လယ်ထဲသွားခိုင်းရင်တောင် ကိုယ်ကျေနပ်ပါပြီ"

ချူယွမ်က သူ့အား စေ့စေ့ကြည့်လာ၏။ သွမ့်ပိုင်ယွဲ့လည်း နှစ်သိမ့်ချော့မော့လိုက်ရသည်။

"ပိုင်ရှန့်ပြည်လေးပဲဟာ၊ ကိုယ့်ကို အခက်တွေ့စေမှာ မဟုတ်ပါဘူး။ ပြီးတော့ ခေါင်းဆောင်ကျောက်လည်း အတူလိုက်သွားမှာ၊ အမတ်မင်းဝမ်းတောင် မင်းလိုမျိုး ညနေစာတောင်မစားချင်တဲ့အဖြစ်မျိုး ဖြစ်မနေဘူး။ စောနလူစုခွဲတာနဲ့ သူ့မှာ အူမြူးတက်ကြွနေပြီး စားဖိုဆောင်ထဲက ပေါက်စီတွေ သွားစားနေပြီ၊ အခုချိန်ဆို အိုးအောက်က ဟင်းရည်တွေတောင် မကျန်လောက်တော့ဘူးထင်ပါရဲ့"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now