အခန်း - ၉၆ ( စစ်ပွဲမတိုင်ခင် ည )

12.9K 2.2K 495
                                    

[ ကာမဂုဏ်တောထဲမှာပဲ လွန်ကြူးပျော်မြူးနေလို့ ထိပ်ပြောင်နေတာ]

"အဲ့နှစ်က ကိုယ် ခမည်းတော်နဲ့အတူ မြောက်ပိုင်းကိုဆန်တက်ပြီး ကောင်လိပြည်ကို ရောက်သွားဖူးတယ်။ အဲ့ကနေ ပြန်လာပြီး မကြာခင်မှာပဲ ခရမ်းစွဲကျောက်စိမ်းနဂါးလေးက ပျောက်သွားတော့တာ ။ ဒါပေမယ့် အဲ့မတိုင်ခင် ကိုယ့်အနားမှာ အမြဲ ကိုယ်နဲ့မကွာဆောင်ထားတာကတော့ တကယ်ပါ ။ ပျောက်သွားတုန်းကလည်း တာ့လီတစ်မြို့လုံးကို သုံးလေးခေါက်လောက် မြေလှန်ပြီးရှာလိုက်သေးတယ်၊ ဒါပေမယ့် လုံးဝ ပြန်မတွေ့ခဲ့ဘူး"

ချူယွမ်မျက်နှာမဲ့သွားကာ -

"ဘာလို့ အစောကြီးကတည်းက အမှန်အတိုင်းမပြောပြတာလဲ"

"ပြောလိုက်ရင် စိတ်ဆိုးမှာစိုးလို့ပေါ့။ ကိုယ်လည်း ဒီနှစ်တွေထဲ ဆက်ပြီးရှာနေခဲ့တယ်လေ"

သွမ့်ပိုင်ယွဲ့လည်း အမှန်အတိုင်း အကုန်ဖြေလိုက်၏။ ချူယွမ်၏အကြည့်များက စားပွဲပေါ်သို့ ပြန်ရောက်သွားသည်။

သွမ့်ပိုင်ယွဲ့က ဆက်ဆိုသည်။

"တစ်ယောက်ယောက်ကများ ကိုယ်အဖြစ်အယောင်ဆောင်ပြီး သူ့ကိုဖျားယောင်းသွေးဆောင်ခဲ့တာများလား၊ ပစ္စည်းတစ်ခုခု လိုချင်ဖို့ လှည့်ဖျားခဲ့တာမျိုးလေ။ ဒါမှမဟုတ် လီ့ချွေကိုယ်တိုင် လိမ်ပြောနေတာလည်း ဖြစ်နိုင်တာပဲ ၊ နောက်ကွယ်မှာ ဘာရည်ရွယ်ချက်ရှိမှန်းတော့ ကိုယ် ဘယ်သိမှာလဲ။ ဒါပေမယ့် ကိုယ် ရှင်းရှင်းလင်းလင်း သိရအောင် စုံစမ်းပါ့မယ်"

"စစ်ပွဲကရော"

"စစ်ပွဲက ပိုအရေးကြီးတာပေါ့"

ချူယွမ်လက်ကို သူ့နှုတ်ခမ်းအနားတိုးလာစေလိုက်ကာ သွမ့်ပိုင်ယွဲ့နမ်းရှိုက်လိုက်ပြီး ဆက်ပြောလာသည်။

"အဲ့တော့ မင်း ကိုယ့်ကို အချိန်နည်းနည်းလေး ထပ်ပေးရမယ်။ ဒီကိစ္စက အတော်လေးထူးဆန်းတယ်၊  ကိုယ်ပြန်လာမှ သေချာစုံစမ်းရမယ်၊ မင်းဆီကို တိကျရှင်းလင်းတဲ့ အဖြေမျိုး ပေးနိုင်စေရမယ်လို့ အာမခံတယ်။ ဟုတ်ပြီလား"

"လီ့ချွေကိုရော ငါနဲ့အတူတူ တုန်းဟိုင်ဘက်ခေါ်ခဲ့လိုက်ရမလား"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Wo Geschichten leben. Entdecke jetzt