အခန်း-၂ - အဆက်

23K 3.4K 129
                                    

အိမ်​ခေါင်မိုးများထက် ညလုံးပေါက်
တဖွဲဖွဲကျဆင်းထားသော ဆီးနှင်းများက နံနက်မိုးသောက်တွင်မူ နှင်းစက်များအဖြစ်အရည်ပျော်ကာ မြေပြင်ပေါ်သို့  တတောက်တောက် ကျဆင်းလျက်ရှိသည်။

မြို့တော်အတွင်း၀ယ် နံနက်ချိန်ခါစားဖွယ်ရာများ တည်ခင်းရောင်းချသော ဆိုင်ရှင်ဦးကြီးများလည်း ဆိုင်ရှိသစ်သားထိုင်ခုံများကို စနစ်တကျ စီနေကြသည်။ ရာသီဥတုမှာ တဖြည်းဖြည်း ပူနွေးလာသည်ဖြစ်ရာ များမကြာမီ ရက်အတွင်း၌ ဆိတ်စွပ်ပြုတ်ပူပူလေးများအစား ပေါက်စီ၊ဆန်ပြုတ်၊တာ့ပင်မုန့်တို့ကို ရောင်းချသင့်​နေပြီဟု တွေးနေသည်။

"ဆိတ်စွပ်ပြုတ် ပွဲကြီး ဆယ်ပွဲ၊ တာ့ပင်မုန့် အခုနှစ်ဆယ် "

တပ်သားတစ်ဖွဲ့က အသီးသီးနေရာယူရင်း အစားအသောက်များ မှာယူနေကြသည်။
အတော်လေး အလုပ်ရှုပ်နေကြပုံပင်။

"ဟုတ်ကဲ့ ၊ လူကြီးမင်းတို့ ။ ခဏလောက်တော့ စောင့်ပေးကြပါဦးနော့"

ဆိုင်ရှင်ဦးကြီးမှာ အင်မတန်သွက်လက်ဖျတ်လတ်သဖြင့် မှာထားသောအစားအသောက်များကို ခဏအတွင်း လာရောက်ချပေးနိုင်လေသည်။ တပ်သားများနှင့်လည်း ရင်းနှီးကျွမ်း၀င်နေကြပုံပင်။ အချင်းချင်း ရင်းနှီးစွာ ပြုံးရယ်နေရင်း ဆိုင်ရှင်ဦးကြီးမှ ပြုံးကာ မေးမြန်းလာ၏။

"အခုတလော လူကြီးမင်းတို့ အတော် အလုပ်များနေကြပုံပဲနော့။ ဒီမနက်မှာတောင် တပ်မှူးကျန်းကလည်း သူ့တပ်သားတွေနဲ့ ကင်းလှည့်လာရင်း မနက်စာ၀င်စားပြီးသွားကြပြီခင်ဗျာ့"

"​ကိစ္စကြီးကြီးမားမားတော့မရှိပါဘူး။
ထုံးစံအတိုင်း ကင်းလှည့်တာပဲ"

တပ်မှူးဖြစ်သူက စကားစအမြန်ဖြတ်ကာ အစားအသောက်ကိုသာ ခေါင်းမဖော်တမ်း ဆက်လွေးနေလေသည်။ ဆိုင်ရှင်ဦးကြီးလည်း ဆက်၍စကားမခေါ်သင့်တော့ကြောင်း ရိပ်မိကာ အသာနှုတ်ဆိတ်ထားလိုက်လေသည်။ ပြဿနာကြီးကြီးမားမား တကယ်မရှိပါစေနှင့်ဟုတော့ ဆုတောင်းနေရုံသာ။

*******

နန်းတော်ထဲတွင်လည်း။

ချူယွမ်တစ်ယောက် ဆေးသောက်ပြီးပြီဖြစ်သော်လည်း ခေါင်းကိုက်​ေ၀ဒနာမှာ သက်သာသွားဖြင်းမရှိ ၊ ပေါက်ကွဲလုမတတ် ကိုက်ခဲနေဆဲပင်ဖြစ်သည်။

ဧကရာဇ်ဗျူဟာWhere stories live. Discover now