အခန်း - ၄၅ - အဆက်

13.4K 2.5K 369
                                    

မြစ်ကမ်းဘေးနားတွင် အမတ်မင်း လျိုတာ့ကျုံ့လည်း ပုရောဟိတ်အမတ်ကြီးနှင့်အတူ ကွေ့ဟွားပန်းအချိုပွဲကို သုံးဆောင်နေ၏။ သေချာပေါက်ပင် ပုရောဟိတ်အမတ်ကြီးကသာ အကုန်အကျခံပေးရခြင်းဖြစ်သည်။

"နောက်တစ်ခေါက် ဧကရာဇ်အရှင့်ဆိီ အစီရင်ခံစာသွားတင်ရင် အသင့်ရဲ့မြေးတွေအကြောင်းပဲ ပြော ၊ ကျွန်ုပ်ရဲ့မြေးအသစ် နုနုထွတ်ထွတ်လေး ဖြူဖြူစင်စင်လေးကို ဆွဲဆွဲမထည့်ပါနဲ့"

လျိုတာ့ကျုံ့က ပွစိပွစိ ရေရွတ်လာခြင်းဖြစ်၏။

"အသင့်ရဲ့မြေးက ခုမှ လောကကြီးထဲ ရောက်လာတာလေ ၊ အရှင်မင်းမြတ်ကလည်း တစ်ခါမှမမြင်ဖူးသေးတော့ အမှတ်တရရှိအောင် ပြောပြရတာပေါ့။ ကျွန်ုပ်ရဲ့ မြေးကကျ နန်းတော်ထဲ နေ့တိုင်း သွားသွားဆော့နေတာ၊ တစ်ခါသွားတိုင်းလည်း အရှင်မင်းမြတ် ခေါင်းကိုက်တော်မူရပေတယ်"

"အလို....အသင့်အပြစ်က အတော်ကြီးတာပ။ ကျွန်ုပ်တို့ရဲ့ ဧကရာဇ်အရှင်က မိဖုရားသော၊ ကြင်ယာတော်သော၊ ဘာဆိုဘာမှတင်မြှောက်ဖို့ စိတ်မကူးတာနော်။ ချစ်စရာ ကလေးလေးတွေ တွေ့ရင်တော့ စိတ်များယိုင်သွားမလားလို့ အသင် လုပ်နေတာမလား။ ဒါ​ပေမယ့် ကြည့်ရတာ အသင့်မျှော်လင့်ချက်တော့ အလဟဿဖြစ်သွားပြီတူပါရဲ့"

ထောင်လျဲန်တာက ဇွန်းကိုချလိုက်ကာ ပြန်လည် ချေပ၏။

"ကျွန်ုပ်ကို လာပြောရတယ်ကရှိသေး။ အသင်လည်း တစ်နေ့တစ်နေ့ သူများတကာတွေကို အောင်သွယ်ပေးနေတာပဲရှိတယ်၊ ဧကရာဇ်အရှင်အတွက်ကျ တစ်ယောက်တစ်လေတောင် ရှာမပေးနိုင်ဘူးမလား"

"သြော်.....ဟိုက ဧကရာဇ်တစ်ပါးလုံးလေ ။ သာမန်အညတရလူတွေက အရှင်မင်းမြတ်နဲ့ ဘယ်လို ထိုက်တန်လိုက်ဖက်နိုင်မှာတုန်း။ ကြင်ယာတော် မြှောက်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ အနည်းဆုံးတော့ လူတကာထက် ထင်ရှားပေါ်လွင်တဲ့ အလှမျိုး ပိုင်ဆိုင်ရမယ် ၊ မျိုးရိုးမြင့်တဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့သူ ဖြစ်ရမယ်၊ စိတ်ထားနူးညံ့ရမယ်  ၊ ကောင်းသည်ဆိုး၏ အခြေအနေအလိုက် ညှိနှိုင်းစီရင်တတ်ရမယ်၊  ဘယ်အချိန်မှာ အမှုကိစ္စဆောင်ရွက် လှုပ်ရှားသင့်လဲ၊ ဘယ်အချိန်မှာ ရပ်သင့်သလဲ နောက်ဆုတ်ရမလဲဆိုပြီး ကာလံဒေသံ နားလည်ရမယ့်လူဖြစ်ရမယ်။ ကဲ....အသင်ပြောကြည့်စမ်းပါဦး၊ မြို့တော်ထဲမှာ အဲ့လိုအရည်အချင်းနဲ့ပြည့်စုံတဲ့သူဆိုလို့ ဘယ်နှစ်ယောက်များရှိလဲ"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now