"မင်း မင်းသောက်ပေါက်ကို ပိတ်လိုက်တော့"

ဝုန်းဒိုင်းဆို ထရပ်ကာ အော်လိုက်တဲ့ဆယ်ဟွန်းကို ဂျုံအင်ကပါ ဆွဲတားထားရသည်

"ငါက ယောကျာ်းကောင်းရထားတာလေ အဲ့ယောကျ်ားကို သောက်ရှက်မရှိလုချင်ခဲ့သေးတာက ဘယ်သူပါလိမ့်"

"နင်.....နင်တို့တွေ အေးပါ အဲ့မှာ ခြောက်နေလိုက်ကြ"

မနိုင်မဲ မဲကာထွက်သွားသော သူကိုကြည့်ရင်း စိတ်ရှုပ်မိပြန်သည် နှစ်ပေါင်း ရှည်ကြာ ကိုယ့်ဘက်က သည်းခံခဲ့ပေးပေမဲ့ အခုတော့လုံးဝသည်းမခံပေးနိုင်တော့ပါ

******************

"ဖေဖေ ဒါဖေဖေ့မြေးလေ "

နေ့လယ်စာ ကျွေးပြီးမှပဲ သမီးကိုသူ့အဖိုးဆီခေါ်သွားဖြစ်တော့သည်

"သား ငယ်ငယ်က အတိုင်းပဲကွာ ချစ်စရာကြီး"

ဖေဖေက လက်လှမ်းလာတာမို့ သမီးကို ဖေဖေ့ရင်ခွင်ထဲ အလိုက်တသိ ထည့်ပေးလိုက်သည်

"ငါ့သားလည်း ရင့်ကျက်လာလိုက်တာ လွန်ခဲ့တဲ့ နှစ်တွေနဲ့ကိုမတူဘူး ဖေဖေ့သားက ပွေလီမလုပ်တော့ဘူးလား"

"ဟားဟားးးးးဖေဖေကတော့ လုပ်ပြီဗျာ သမီးရှင်ဆိုတော့ နဲနဲငြိမ်ရမယ်လေ ဟီးးးး"

"ဖေဖေတို့လဲ အသက်ကရလာပြီ ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ"

"ဟာ ဖေဖေကလဲ ဘာတွေလျှောက်ပြောနေတာလဲ"

"တကယ်ပါ သားရဲ့ လူ့ဘဝ ဖြစ်ပျက်တရားတွေ ဖေဖေကြားပါတယ် မနက်က သားတို့အဆင်မပြေဘူးမို့လား"

ဘတ်ဟျွန်း ဖေဖေ့ကို အားနာပေမဲ့လည်း

"အခုမှမဟုတ်ဘူး ဖေဖေ ဟိုးးးးအစကတည်းက သားအမြဲသည်းခံပေးခဲ့ရတာ အခုတော့ သားသည်းမခံချင်တော့ဘူး"

"သိတယ် ဖေဖေသိပါတယ် သားရယ် ဒါကြောင့်ဖေဖေက သားကိုကျေးဇူးတင်ပါတယ်"

".........."

"ဖေဖေဆုံးဖြတ်ထားပြီးပြီ ဒီအိမ်ကြီးနဲ့ ဒီနိုင်ငံမှာရှိသမျှ လုပ်ငန်းတွေအကုန်သားနဲ့ သားယောကျ်ားနာမည် တပ်ပြီး ဖေဖေအမွေအဖြစ်လွှဲထားပေးပြီးပြီ"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now