26(2) Zaw+Uni

1.8K 205 14
                                    

"အောင်မယ် ကောင်မ မြူဆွယ်ချင်နေတာ ရွံဖို့ကောင်းလိုက်တာ"

"ဘာ နင်...."

"ဘာလဲ ဒီမှာ ငါတို့ရှိတာသိရက်နဲ့ အကုန်ဖော်ပြီး လာရအောင် နင်ကဖာလား"

"ဟဲ့ နင်စကားကိုကြည့်ပြောနော် နင်အခုလာနေတာ ငါ့အိမ် ငါ့အိမ်ငါ စိတ်ကြိုက်နေမယ်"

"ငါ့ယောက်ဖအိမ် ငါလာနေတာ အသက်ကြီးပြီး ဆင်ခြင်တုံတရားလဲမရှိ"

အောက်ထပ်က ပေါ်ထွက်လာတဲ့ ဆူဆူညံညံ အသံတွေကြောင့် ဘတ်ဟျွန်း သမီးကို ဒိုင်ပါလဲပေးနေရင်းကပင် အမြန်ပြေးဆင်းလာရသည်

"ဘာ ဘာဖြစ်နေကြတာလဲ"

အောက်ထပ်ရောက်တော့ ဧည့်ခန်းထဲမှာ တင်းမာတဲ့ မျက်နှာထားကိုယ်စီနဲ့ လူ၃ယောက်

"အကို ဘတ်ဟျွန်း ညီမဆိုတဲ့ကောင်မကိုကြည့်ဦး"

"ဟဲ့ နင်ဘာစကားပြောတာလဲ"

ဆယ်ဟွန်း လက်ညိုးညွှန်ရာကြည့်လိုက်တော့ ရင်အဟိုက် ချက်ပေါ်အင်္ကျီနဲ့ ဘောင်ဘီကလည်းပေါင်တံတွေကိုပင်မဖုံးတော့သော ဝတ်စားပုံဖြင့် ထိုင်နေသောသူ

"အာ"

"ကြည့်ပါဦး အရှက်မရှိလိုက်ပုံကတော့ ခုနက ဂျုံလေးကို ကြာကြည့်တွေနဲ့ ကြည့်ပြီး ဂျုံလေးနား အတင်းတိုးထိုင်နေတာ "

"ဆယ်ဟွန်း တော်ပါတော့ကွာ နော်"

"ဂျုံလေး မင်းကပါသာယာနေတာလား"

"အိုဆယ်ဟွန်း မင်းငါ့အချစ်ကိုမယုံဘူးလား ဟမ်"

"ဟက် ဘာများလဲလို့ အခြောက်လေးတွေကို အေးလေ အခြောက်ကောင်နဲ့ပါလာမှတော့ ဒါပဲရှိမှာပေါ့ ဟင့်"

မထိတထိ ခပ်တေ့တေ့ မဲ့ပြုံးပြုံးကာ ပြောလာသောကြောင့်

"မင်း ငါမင်းကိုဖေဖေ့မျက်နှာနဲ့မို့ကြည့်နေတာနော်"

"ဒါဆိုလဲ ဆက်ကြည့်နေလိုက်ပါဦး ဟက် တဘဝလုံးအရှုံးသမားလေးက"

"အေး ငါတလျှောက်လုံးသည်းခံခဲ့ပေမဲ့ အခုလုံးဝမရတော့ဘူးနော် ငါ့အပေါ်လာကြောလို့"

"ဟားဟားးးးးး သောက်ခြောက်လေးက  ယောကျ်ားနောက်ခံရှိနေတော့ မာန်တက်နေရှာတာပေါ့ ဟက်"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now