24 Zaw+Uni

1.7K 242 4
                                    

"သမက်လေး လာ မနက်စာစား ပေးအမေ့ကို မြေးလေး"

မနက်နိုးလာတော့ မောင်ကမရှိတော့.......သမီးကို မျက်နှာသစ်ပေး ဒိုင်ပါလဲပေးပြီးနောက် မနက်စာစားဖို့အောက်ထပ်ဆင်းလာတော့ အမေက သူ့မြေးကို ချီဖို့ လှမ်းလာသည်

"စားစား သမက်လေး ညကအိပ်ရရဲ့လား အမေ အောက်ထပ်ကနေ မြေးလေး ငိုသံတွေကြားနေရတယ်"

ထမင်းကြော်စားနေရင်းကနေ

"အမေ့မြေးက နို့မှုန့်ပြောင်းလိုက်လို့ ဗိုက်နာသွားတယ်ထင်ပါ့ အမေရယ် ညကတညလုံးပဲကောင်းကောင်းမအိပ်လိုက်ရဘူး"

"အမလေး ကျွတ်ကျွတ် ငါ့မြေးလေး သနားပါတယ်"

အချွဲတုံးက သူ့အဖွားကဖင်လေးပုတ်ပေးတော့ ခေါင်းလေးစောင်းကာ ပုခုံးပေါ်မှီပြီးငြိမ်နေပြန်သည် ၄လကျော်သမီးကလည်း ထွားလိုက်တာ ပြောမနေပါနဲ့ နည်းတာကြီးမဟုတ်ဘူး

"မောင်ကလဲ အစောကြီးသွားရတယ်လို့ ညကလဲ အိပ်ရေးပျက်ထားတာကို"

"ပြောရဦးမယ် သမက်လေး မနက်ကသားချန်းယောလ် မျက်နှာမကောင်းဘူး"

အမေ့စကားကြောင့် ထမင်းပင် သီးချင်ချင်

"ဗျာ....."

အမေက သမီးကို ရင်ခွင်ဘက် ပြောင်းလှည့်ချီရင်း

"အမေ ပြောရမှာအားတော့နာပေမဲ့ မနက်အစောကြီး သားအဖေ ဖုန်းဆက်တယ်တဲ့"

"......"

"အဲ့ဒါ အမေမေးတာလဲ သေချာပြန်မဖြေဘူး မနက်စာတောင် ကောင်းကောင်းစားမသွားဘူး သားရယ်"

"ဟူးးးးး ဖေဖေက ကျနော့်ဆီမဆက်တာတောင် လချီ ကြာနေပြီကို အခုမှ ဘာလုပ်ပြန်တာလဲ မသိ"

အမေက အားနာသလို ကြည့်လာတာမို့

"သား ညနေ မောင်ပြန်လာမှ သေချာမေးလိုက်ပါ့မယ် အမေရယ်"

********************

"ဂျုံအင် ဆယ်ဟွန်းကော"

လယ်ထဲကနေ စိတ်လေလေနဲ့ နေ့လယ်ဘက်စောစော ပြန်လာတော့ လမ်းမှာကျောင်းက ပြန်လာတဲ့ဂျုံအင်နဲ့ တွေ့လေသည်

"ကျောင်းမှာ ကျန်ခဲ့တယ် အကိုချန်းယောလ် နှစ်ကူးပိတ်ရက်ရှည်အတွက် ပေးလိုက်တဲ့အိမ်စာကို အပိုင်းခွဲပေးနေလို့"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now