Extra - 2

12.5K 1.3K 99
                                    

Should give Kagamine (Artist) motivation to make my video XD

အချပ်ပို - ၂ : အချစ်များလေထဲမှာ

"မင်္ဂလာပါ အစ်ကိုတို့က စုံတွဲလားမသိဘူး"

လမ်းတစ်နေရာတွင်ဖြစ်သည်။ ကောင်လေးနှစ်ယောက်သည်တစ်ယောက်လက်တစ်ယောက်တွဲရင်း လျှောက်နေခဲ့၏။ အစိမ်းရောင်ဆံပင်အုပ်အုပ်လေးဖြင့် ကောင်ကလေးသည် အင်တာဗျူးမေးလာသူကို ကြည့်သည်။ ကုန်တိုက်သွားရာလမ်းသည် လူထူနေခဲ့၏။ ညအချိန်ဖြစ်ပြီး အလုပ်ဆင်းသည့်အချိန်မို့ စုံတွဲများသည် ကုန်တိုက်ရင်ပြင်တွင် များပြားနေခဲ့သည်။

များပြားနေသည့် လူအုပ်ထဲတွင် အစီအစဉ်ပြုလုပ်သူများ အမြောက်အများလဲ ရှိ၏။ ယခု ထိုအစီအစဉ်ပြုလုပ်သူများအနက်မှ အစီအစဉ်တင်ဆက်သူ မိန်းကလေးသည် စုံတွဲတစ်တွဲကို မေးနေခြင်းဖြစ်သည်။ ကောင်လေးနှစ်ယောက်တွဲသွားတိုင်း အတွဲဟုဆို၍မရသော်လဲ ထိုနှစ်ယောက်မှာတော့ အတွဲဟု သိသာနေ၏။

လက်ထဲမှ မိုက်ခရိုလေးကို ကိုင်ကာ သူမသည် မျက်မှောင်ကြုတ်ကာ သူမကို ကြည့်ပြီး အစိမ်းရောင်ဆံပင်လေးဖြင့် ခပ်သွယ်သွယ်ကောင်လေးကို အနောက်ဘက်သို့မသိမသာ ပို့လိုက်သည့် ကောင်လေးကို ကြည့်သည်။

အိုး အကာအကွယ်တွေပေးတတ်လိုက်တာ!

သူမ ကိုယ်ထဲမှ ကောင်မလေးသည် ပျော်ရွှင်ကြည်နူးစိတ်အပြည့်ဖြင့် တအီးအီးတအားအား အော်နေခဲ့၏။ အစီအစဉ်တင်ဆက်သူ မိန်းကလေးသည် ခပ်မြန်မြန်ဖြင့် ရှင်းပြလေသည်။

ချစ်စရာစုံတွဲလေးရဲ့ အထင်လွဲတာတွေကို ဒီညီမလေး မခံစားနိုင်ပါဘူး!!

"အထင်မလွဲပါနဲ့ ညီမက အချစ်များလေထဲမှာ အစီအစဉ်ကို တင်ဆက်နေတဲ့ သူပါ"

ထွဋ်တေဇအနောက်မှ မင်းဆုမြတ်သည် ခေါင်းလေးအသာထွက်ကြည့်၏။ အချစ်များလေထဲမှာ ထိုအစီအစဉ်ကို သူ ကောင်းကောင်းသိသည်။ ထိုအစီအစဉ်က FA များကို ကောင်းကောင်းကြီး နှိပ်ကွပ်သည့် မကောင်းဆိုးဝါးအစီအစဉ်ဟု ထွဋ်တေဇက သူ့ကို ပြောပြဖူးသည်။ အစီအစဉ်တင်ဆက်သူများသည် မိန်းကလေးအပြင် ယောကျာ်းလေးများလဲ ရှိပြီး တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။ Youtube တွင် ကြည့်ရှုသူများသည့် အစီအစဉ်တစ်ခုလဲ ဖြစ်၏။

Beloved Hyung [Own Creation]Where stories live. Discover now