3

14K 2.1K 71
                                    

Zawgyi

အပိုင်း - ၃ : Killing God's wife

မင်းရဲ့တိတ်တိတ်ပုန်းအဖေကငါပဲ : ဒီနေ့တော့ Mage ကိုင်ပါဗျို့။

"ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ အခုအနေအထားက Mage ကိုင်လို့အဆင်မပြေဘူးလေ..."

ဝံပုလွေမျက်နှာဖုံးအောက်မှ ကောင်လေး၏ အသံနက်နက်သည် ထွက်လာခဲ့၏။

ရန်ကုန်သူလေး : ဒါဆို ကိုကိုက ဘာကိုင်မှာလဲ...

Killing God's wife : ဘာကိုကိုလဲ ကိုကိုက ငါ့ဟာ! ငါ့လူ!

ရန်ကုန်သူလေး : အမလေး! တိတ်နေလိုက်!

ရန်ဖြစ်နေသည့် comment များကို သူ လျစ်လျူရှု၏။ Killing God's Wife ဆိုသည့် အမည်ကိုတော့ သူ တစ်ချက်ကြည့်ဖြစ်အောင် ကြည့်လိုက်သေးသည်။ ဒီအမည်လေးဟာ သူ Stream သည့် အချိန်တိုင်းတွင် ရှိနေတတ်သည့် အမည်လေးပါပဲ။ သူ့မိန်းမတဲ့လေ။ ဘယ်လောက်များ ရယ်ရလိုက်တဲ့ နာမည်လဲ။

တစ်ဖက်နှင့်တစ်ဖက် ရွေးနေကြသည်ကို သူ ကြည့်နေခဲ့သည်။

စတော်ဘယ်ရီမစ်ရှိတ် : ဒီတစ်ပွဲတော့ အတွဲပါလောက်မှာပါနော်...

စပွန်ဆာပေးမယ် : ပါသင့်နေပါပြီ! အတွဲကို လုံးဝမသတ်ရသေးဘူးလေ!

"ဟဟ ခင်ဗျားတို့လည်း အတွဲကို မျှော်နေသလို ကျွန်တော်လည်း မျှော်နေတာပါပဲ..."

စတော်ဘယ်ရီမစ်ရှိတ် : Killing God က ကျောင်းသားလား အလုပ်လုပ်နေတာလား...

Killing God's wife : ကိုကိုက ကျောင်းသား...

စတော်ဘယ်ရီမစ်ရှိတ် : ဟယ်လိုမိန်းမလေးရေ တွေ့ဖြစ်ကြပြန်ပြီနော်...

Killing God's wife : ဘယ်သူက ခင်ဗျားမိန်းမလဲ!

စတော်ဘယ်ရီမစ်ရှိတ် : အာ နာမည်ကို အဖျားစွတ်ခေါ်တာလေ မဟုတ်ရင် အရှည်ကြီးကို။

ထိုသူများသည် သူ Stream တိုင်းကြည့်နေတတ်သူများ။ စတော်ဘယ်ရီမစ်ရှိတ်ဆိုသူသည် သူ့မိန်းမလေးဟူသည့် အမည်ကို ပိုင်သည့်သူကို အမြဲတစေ စနောက်တတ်သည့်သူ။

သူတို့နှစ်ဦး ရန်ဖြစ်နေသည်ကို လျစ်လျူရှုကာ သူတို့အသင်းမှ ရွေးထားသည့် Hero များနှင့် တစ်ဖက်အသင်းမှ ရွေးထားသည်များကို ကြည့်သည်။

Beloved Hyung [Own Creation]Where stories live. Discover now