6

12.6K 2.1K 42
                                    

Zawgyi

အပိုင်း - ၆ : ကိုကိုက ငါ့ရဲ့ဖူးစာရှင်များလား

"ကိုကို ကျွန်တော်တို့တွေ့ကြပြီမဟုတ်လား..."

အဝေးပြေးဂိတ်တွင်တွေ့သည်နှင့် သူ့ကိုပြေးနှုတ်ဆက်သည့် ကောင်လေးကို ကြည့်ကာ ထွဋ်တေဇမျက်ခုံးပင့်သည်။ ဘာကြောင့်များ သူ လေယာဉ်လက်မှတ်ကို လက်မခံခဲ့မိပါလိမ့်။ ထွဋ်တေဇသည် တွေးနေခဲ့၏။

"အာ... မင်းက..."

ထွဋ်တေဇမှ မသိကျိုးကျွံပြုနေသည်မို့ ထွဋ်တေဇနှင့်အတူပါလာသည့် ဇွဲမင်းထက်တစ်ယောက် တစ်ဖက်ကောင်လေးကို စကားလှမ်းပြောရလေသည်။ သူတို့က တစ်ခရီးတည်း အတူသွားရမည့်သူများမဟုတ်ပါလား။ အနေခက်နေလို့တော့ မကောင်းဘူးလေ။

"ကျွန်တော်က Usagi ပါ ခင်ဗျ..."

သူ့မေးခွန်းကိုပြန်ဖြေသည့် အသံရွှင်ရွှင်က ထွဋ်တေဇနှင့်အတူ တစ်ကားတည်းစီးရမည့်အတွက် ပျော်နေသည့် အရိပ်တို့ဖြင့်။ ထူးဝေအောင်သည်လည်း ဇွဲမင်းထက်နှင့်ထွဋ်တေဇကို အကဲခတ်နေခဲ့သည်။

"အာ အရင်မိတ်ဆက်ရဦးမှာပေါ့..."

ထွဋ်တေဇ၏ လျစ်လျူရှုကာ နားနှစ်ဖက်လုံးတွင် နားကြပ်တပ်၍ ဖုန်းကိုကြည့်နေမှုကို ထိုကောင်လေးသည် မည်သို့မျှမနေသည့် ဟန်မျိုးဖြင့် ဇွဲမင်းထက်ကိုကြည့်လေသည်။

"ကျွန်တော့်နာမည်အရင်းက မင်းဆုမြတ်ပါ... ဒါက ကျွန်တော့်သူငယ်ချင်း ထူးဝေအောင်... စီနီယာတို့နာမည်ကရော..."

ဂိမ်းဆော့သည့်အမည်မဟုတ်ဘဲ မိဘပေးထားသည့် အမည်ရင်းဖြစ်သည်မို့ ဇွဲမင်းထက်သည် ထွဋ်တေဇဘက်သို့ မျက်လုံးထောင့်ကပ်ကာ အလျင်ကြည့်၏။ ထွဋ်တေဇပုံက သူတို့အနီးတွင် သူ မရှိသလိုနေနေသည်မို့ ဇွဲမင်းထက်သည် အားနာစွာဖြင့်...

"အစ်ကိုက ဇွဲမင်းထက်... အဲ့ကောင်က ထွဋ်တေဇ..."

"ထွဋ်တေဇ..."

မိတ်ဆက်သည်က သူဖြစ်သော်လည်း နားရင်းရိုက်ချင်စရာကောင်းလောက်အောင် ချစ်ဖို့ကောင်းသည့် ကောင်စုတ်ကလေးသည် သူ့သူငယ်ချင်း၏ အမည်ကိုသာ ရေရွတ်ခဲ့သည်။ ထိုကောင်လေးသည် ထွဋ်တေဇ၏ အမည်ကို သူ့လက်ထဲမှ အချိန်မရွေးပျောက်ဆုံးသွားနိုင်သည့် ရတနာလေးတစ်ခုအလား ရေရွတ်နေဖြစ်ခဲ့သည်။ ဇွဲမင်းထက်သည် မင်းဆုမြတ်ဆိုသည့် ကောင်လေးကို အကဲခတ်ဖြစ်၏။ ဒီကောင်လေးက လူဆိုးလေးတစ်ယောက်တော့ ဟုတ်ပုံမပေါ်ပါဘူး။ သွက်လွန်းနေတာလေးတစ်ခုပဲ။

Beloved Hyung [Own Creation]Where stories live. Discover now