16

11.2K 1.9K 71
                                    

Zawgyi

အပိုင်း - ၁၆ : လက်သွက်ခြေသွက်ကောင်ကလေး။

"မင်း ဘယ်လိုဖြစ်လို့!"

ပထမနှစ်ဝက်စာမေးပွဲ ရလာဒ်များထွက်ချိန်ဖြစ်သည်။ ထွဋ်တေဇသည် ကန်တင်းထိုင်နေသည့် ပထမနှစ်ကောင်လေးနှစ်ဦးအနက်မှ တစ်ဦးကိုကြည့်ကာ အသံမြှင့်အော်မိလေ၏။ ထိုကောင်လေးက သူ့ကို ရယ်ပြကာ...

"ထိုင်ပါဦး..."

"ဘာလို့ မင်းကျရတာလဲ..."

"ကျတာမဟုတ်ပါဘူး အောင်မှတ်မပြည့်မှီတာပါ..."

အသံတိုးတိုးဖြင့်ပြောနေသည့် ထိုကောင်လေးကို ထွဋ်တေဇသည် လက်ပိုက်ကာ မကျေလည်သည့် မျက်နှာဖြင့် ကြည့်၏။ ထိုကောင်လေးက ရယ်ကာ...

"ကျွန်တော့် Result ကို ဘယ်လိုဖြစ်ပြီး သိတာလဲ..."

မင်းဆုမြတ်မေးခွန်းကြောင့် ထူးဝေအောင်သည် ချောင်းတဟွတ်ဟွတ်ဆိုးလေတော့၏။

"မင်း ပို့လိုက်တာလား..."

"ဘာလို့ငါက အဲ့ဘဲကိုပို့ရမှာလဲ... မင်းခုံနံပတ်နဲ့ငါ့ခုံနံပတ်က ရှေ့ဆင့်နောက်ဆင့်လေးလေ..."

"အင်းလေ မင်းက ဘာလို့ ကိုဇွဲကို ပို့တာလဲ..."

ရုတ်တရက်ကြီး မင်းဆုမြတ်၏ အမှတ်မကောင်းမှုမှ ဇွဲမင်းထက်နှင့်ထူးဝေအောင်၏ ပတ်သက်မှုထံသို့ ရောက်သွားလေ၏။ ထွဋ်တေဇသည်လည်း ထူးဝေအောင်ကို အကြောင်းမရှိ ကြည့်ဖြစ်သွားသည်။ မှန်သည် ထိုကောင်လေးခန့်မှန်းသလို မင်းဆုမြတ်အကြောင်းကို ဇွဲမင်းထက်ထံမှ သူ ကြားရခြင်းပေ။ မင်းဆုမြတ်က ထူးဝေအောင်နှင့်ခုံနံပတ်တစ်ခုသာလျှင် ကွာခြားသည်လေ။

"သြော်... သြော်... သားလေး..."

မင်းဆုမြတ်အသံက ထူးဝေအောင်ကို ချောင်ပိတ်ဖမ်းတော့မည့်နှယ်။ ထူးဝေအောင်တစ်ယောက် သတိအနေအထားဖြင့် ခပ်မတ်မတ်ဖြစ်သွားရ၏။

"ငါ့ကို မပြောပြဘဲ လုပ်နေတာတွေရှိတယ်ပေါ့..."

"မင်းဆုမြတ် သူများကို မေးမနေဘဲ မင်းရဲ့ Result လေးကိုပဲ ပြောစမ်းပါ..."

"ခုနစ်ဘာသာမှာ A လေးလုံးရပြီး D သုံးလုံးရတယ်လေ ဘာဖြစ်လို့လဲ..."

Beloved Hyung [Own Creation]Où les histoires vivent. Découvrez maintenant