25

11.3K 1.7K 17
                                    

Zawgyi

အပိုင်း - ၂၅ : မမျှော်လင့်တဲ့သိရှိမှု။

စိတ်ငြိမ်အောင်ရေချိုးသည့်တိုင် ရေချိုးခန်းထဲမှ ထွက်လာပြီးသည်အထိ သူ့စိတ်သည်မတည်ငြိမ်ခဲ့။ ခေါင်းသုတ်နေသည့် တဘက်ဖြင့် မျက်နှာကိုအုပ်ချကာ ခုတင်ပေါ်သို့ ထူးဝေအောင်တစ်ယောက် မှောက်လျက် ပစ်လှဲချသည်။

"အား!!!"

ခေါင်းအုံးပေါ်တွင် မျက်နှာအပ်၍အော်သည်မို့ သူ့အသံက ခပ်အုပ်အုပ်။ ခေါင်းထောင်လာသည့် သူ့မျက်နှာသည် နီရဲလျက်။

"ဘယ်လိုလုပ်ရမလဲ အဲ့ကောင်ကို ငါ ဘယ်လိုရှင်းပြရမလဲ..."

ထူးဝေအောင်တစ်ယောက် စိတ်မောစွာရေရွတ်သည်။ တကယ်ပဲ စိတ်မောလိုက်တာ... ဘယ်လိုလုပ်ရမလဲ။ သူတို့က မနမ်းကြသေးပေမဲ့လည်း နမ်းမလိုအနေအထားမျိုးနဲ့လေ။

အား!!! အဲ့ဒီကိုကြီးကတော့ သတ်ပစ်လိုက်ဖို့ကောင်းတယ်...

ထူးဝေအောင်သည် မှောက်လှဲနေရာမှ ထထိုင်၊ ထို့နောက် နံရံကိုကျောမှီ၍ ဒူးနှစ်လုံးကိုပိုက်၊ ဒူးခေါင်းပေါ် မေးတင်၍ မပြီးသေးသည့် စဉ်းစားခန်းကို ထပ်ဖွင့်၏။

"ဘာလို့... ဘာလို့ အဲ့ကောင်က တွေ့သွားရတာလဲ..."

ဒူးခေါင်းပေါ်တွင် သူ မျက်နှာအပ်ချသည်။ ဒုက္ခပါပဲ... သူတော့ မင်းဆုမြတ်ကို ဘယ်လိုလုပ်ပြီး မျက်နှာချင်းဆိုင်ရမှာလဲ။

"ဒါတွေအကုန်လုံးက အဲ့ဘဲကြီးအပြစ်ပဲ!"

အပြစ်အကုန်လုံးကို ဇွဲမင်းထက်ပေါ်သို့သာ ထူးဝေအောင် ပုံချလိုက်တော့သည်။ ဇွဲမင်းထက်သာ သူ့ကို အမြဲတမ်းလာရှာမနေခဲ့ဘူးဆိုရင်၊ အမြဲတမ်း သူ့ကိုရှေ့တန်းတင်ပြီး ဦးစားမပေးနေဘူးဆိုရင်၊ အခြားသူတွေထက် အရေးပေးတယ်၊ သူက အရင်ဆက်ဆံရေးတွေလိုမဟုတ်ဘူးဆိုတာမျိုးကို မပြောခဲ့ဘူးဆိုရင်။

"အဲ့ဒီမျက်နှာနဲ့သာ ငါ့ကိုလာမကြည့်ရင် အခုလိုမဖြစ်ဘူး..."

ထူးဝေအောင် စိတ်တိုတိုနှင့်ရေရွတ်လေသည်။ ဘာကြောင့်များဇွဲမင်းထက်က သူ့ကို မြူဆွယ်ဖို့လောက်ပဲ ကြိုးစားနေတာလဲ။

Beloved Hyung [Own Creation]Where stories live. Discover now