35

12K 1.5K 7
                                    

Zawgyi

အပိုင်း - ၃၅ : စောလွန်းနေသေးတယ်။

"ဘယ်လိုဖြစ်လို့ သေအောင်အိပ်နေတာလဲ!"

ဖြန်းခနဲ အရိုက်ခံရမှုကြောင့် မှောက်အိပ်ပျော်နေရာမှ မင်းဆုမြတ်တစ်ယောက် လန့်ဖြန့်နိုးလာတော့သည်။ သူ့တင်ပါးကို အားကြီးဖြင့် ရိုက်လာသူက အခြားမဟုတ်။ ထူးဝေအောင်ပင်။

မင်းဆုမြတ်သည် အိပ်မှုံစုံဖွားဖြင့် မျက်လုံးများကိုပွတ်ကာ ထူးဝေအောင်ကို ကြည့်၏။

"ထပ်မရိုက်နဲ့တော့ နာတယ်ဟ..."

ခရီးကပြန်လာပြီးကတည်းက အိပ်တာ ညရောက်သည်အထိ မထသေးသည့် မင်းဆုမြတ်ကြောင့် ထူးဝေအောင်တစ်ယောက် အိမ်တိုင်ယာရောက် ပေါက်ချလာခဲ့ခြင်းပေ။

"ဘာလို့ သေမလိုအိပ်နေတာလဲ... အဖွားတို့က မင်းနေ့လည်စာတောင် ထမစားဘူးပြောတယ်..."

"ပင်ပန်းလို့လေ... လက်လေးတစ်ချောင်းတောင် မလှုပ်ချင်ဘူး..."

ခုတင်ပေါ်တွင် ဖင်ထောင်မှောက်ခုံလေးလှဲနေရင်းမှ မင်းဆုမြတ်ကို ထူးဝေအောင်သည် ရိုက်ချင်စွာဖြင့် ကြည့်၏။

"ဒါနဲ့ အဆင်ပြေရင်လေ ငါ့ကို ထမင်းလေးသွားခူးပြီး လာခွံ့ကျွေးပါလား... ငါ ဝါးပဲဝါးနိုင်လောက်တယ်..."

ကဲနေတုန်းကသာ မသိသာတာ၊ အိမ်ရောက်တော့ အချစ်ရဲ့စွမ်းအားလည်း မရှိတော့သည်မို့ သူ့တစ်ကိုယ်လုံးသည် အဝတ်လျှော်စက်ထဲ ထည့်လျှော်ခံထားရသည့်အလားပင်။ မျက်နှာလေးသည် ဝင်းလက်နိုင်တာ တစ်ကိုယ်လုံးကတော့ နာလို့သေတော့မယ်။

"ကိုယ့်ဘာသာ သွားပါလား..."

ဖင်လုံးကို ဖြန်းခနဲရိုက်ချိန်တွင် မင်းဆုမြတ်တစ်ယောက် အော်ရုံအပြင် မတတ်နိုင်ခဲ့။ မင်းဆုမြတ်၏ အမှန်တကယ် အဆင်မပြေနေဟန်ကို ကြည့်ကာ ထူးဝေအောင် ရယ်၍...

"ငါ သွားခူးလိုက်ဦးမယ်..."

မင်းဆုမြတ်၏ အိမ်သည်လည်း သူ့အိမ်သာဖြစ်သည်။ ထို့အတွက် အိမ်ရှေ့၊အိမ်နောက်၊ ဧည့်ခန်းနေရာလွတ်မကျန်သည် သူနှင့်ကျွမ်းဝင်သည့် နေရာဖြစ်ချေ၏။

Beloved Hyung [Own Creation]Opowieści tętniące życiem. Odkryj je teraz