5

12.9K 2.1K 121
                                    

Zawgyi

အပိုင်း - ၅ : သွေးမတိတ်သေးတဲ့ဒဏ်ရာ။

"ဟီးဟီး..."

"မင်းပဲ အူမြူးနေ!"

အပြန်လမ်းတစ်လျှောက်လုံးအူမြူးနေသည့် ငနဲသားကိုကြည့်ပြီး ထူးဝေအောင်တစ်ယောက် မင်းဆုမြတ်ကို နားရင်းချည်း ရိုက်ချင်နေတော့သည်။ သူ့ရင်ထဲမှ အလုံးကြီးလည်း ကျသွားသလို။

တစ်ချိန်လုံးသူ့မှာ မအေကြီးတစ်ယောက်လို မင်းဆုမြတ်ကို စိုးရိမ်နေလိုက်ရတာ။ ဟုတ်တယ်လေ မတော်လို့ မင်းဆုမြတ်ဆိုတဲ့ ကောင်စုတ်လေးရဲ့ Crush ဟာ ပုံဆိုးပန်းဆိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ အသံကလည်း Voice Changer လို app မျိုးတွေသုံးရင် ဘယ်လိုလုပ်မလဲ။ ခေတ်ကြီးဟာ မကောင်းရမကောင်းပါဘိနဲ့။

အခုတော့ တော်ပါသေးရဲ့... သူ့ crush ဟာ ပုံမှန်ရုပ်လေးပဲမို့လို့။

ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု လျော့သွားသည့် ခံစားချက်ဖြင့် ထူးဝေအောင် စိတ်ထဲတွင် နေသာထိုင်သာရှိသွားတော့သည်။ ထို့နောက်သူသည် မင်းဆုမြတ်ကို ကိုယ့်ကိုပြန်မကြိုက်သေးသည့် ယောကျာ်းတစ်ယောက်ကို နန့်နန့်တက်ဖြစ်နေသည့် သမီးကို ဆုံးမလိုသည့် ဖခင်တစ်ဦး၏ အကြည့်မျိုးဖြင့်...

"မင်းဆု..."

"အင်း..."

တလောကလုံးတွင် ငါဟာကံအကောင်းဆုံးလူသားပဲဆိုသည့် မျက်နှာမျိုးဖြင့် မင်းဆုမြတ်သည် သူ့ကို လှည့်ကြည့်လေ၏။ တောက်ပသည့်အပြုံး ဝင်းထိန်နေသည့် မျက်နှာကြောင့် ထူးဝေအောင် မျက်စိကျိန်းချင်ချင်ပင် ဖြစ်သွားတော့သည်။ လူတစ်ယောက်ကို တွေ့တာ ဒီလောက်ထိပျော်နေဖို့လိုလို့လား။ ပြီးတော့ သူ တွေ့လာတဲ့သူကဖြင့် သူ့ကို ချေလွှတ်လိုက်တဲ့ဟာကို။

ချေလွှတ်မယ်ဆိုရင်လည်း ချေလွှတ်ချင်စရာပါပဲ။ မင်းဆုမြတ်ဆိုတာလေးကလည်း တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းချတာကိုး။ ဘာပဲဖြစ်ဖြစ် သူသာဆိုလည်း ချေလွှတ်မှာပဲ။

ဘယ်သူက တွေ့တွေ့ချင်း... ကိုကို... ကျွန်တော်ကိုကို့ကို ချစ်နေတာကြာပြီ ကိုကို ကျွန်တော့်ရဲ့ ယောကျာ်းလုပ်ပေးပါဆိုတာမျိုးအပြောခံရတာကို အင်း ငါလည်း ချစ်ပါတယ်ဆိုပြီး တုံ့ပြန်နိုင်မှာလဲ။

Beloved Hyung [Own Creation]Where stories live. Discover now