33

13K 1.6K 42
                                    

Zawgyi

အပိုင်း - ၃၃ : ယောကျာ်းလေးတွေက ကိုယ်ဝန်ဆောင်လို့ရလို့လား။

တစ်လျှောက်လုံးကြိုက်လာရသည့် အစ်ကိုကြီး၏ လက်မောင်းများပေါ်တွင် နိုးလာရခြင်းက ဘယ်လောက်များ စိတ်ကျေနပ်စရာကောင်းလိုက်မလဲ။ ထိုအစ်ကိုကြီးက ကိုယ်မနိုးသေးတာကြောင့် တစ်ချက်ပင် မလှုပ်ဘဲကိုယ်နိုးအလာကို စောင့်နေသည်ဆိုလျှင်ရော...

"နိုးပြီလား..."

မျက်လုံးများပွင့်သည်နှင့် သူ အရင်မြင်လိုက်ရသည်က ထွဋ်တေဇပေ။ မင်းဆုမြတ်၏ နှုတ်ခမ်းများသည် ကော့ညွှတ်သွား၏။ မျက်လုံးများမှိတ်လုမတတ်ပြုံးကာ...

"အင်း..."

နိုးနိုးချင်းမို့ သူ့အသံက ခပ်အက်အက်။

"ဒါဆို ကိုယ်မနက်စာမှာထားလိုက်တော့မယ်... ဒီနေ့ဘယ်သွားချင်သေးလဲ..."

တစ်နေကုန်အားနေသည်မို့ ထွဋ်တေဇသည် သူ့ကိုမေးလာလေသည်။

"ညကျမှ..."

အမှန်တော့ ညလည်း သူ မထွက်ချင်ဘူး။ တစ်နေကုန်ထွဋ်တေဇနဲ့ပဲအတူနေချင်တယ်။

"ညကျရင် ကမ်းခြေဘက်ပြန်သွားရအောင်..."

"အင်း..."

ဝါး... ထွဋ်တေဇက တကယ်ချစ်တယ်ဆိုရင်... သူ ချစ်တဲ့သူကို ပိုးစိုးပက်စက် အလိုလိုက်တဲ့ Type ကြီးပါလား။ အပေါ်ပိုင်းဗလာကျင်းဖြင့် ခုတင်အောက်ဆင်းကာ ဖုန်းဆက်မှာစရာရှိတာမှာပြီးနောက် သူ့ဘက်ပြန်လှည့်လာသည့် ထွဋ်တေဇကို မင်းဆုမြတ် လက်မထောင်ပြသည်။

"ဟီးဟီး သေအောင်အလိုလိုက်တတ်တဲ့ ကိုကို့ကိုလည်း ချစ်တာပဲ..."

လက်မထောင်ပြသည့် သူ့ထံသို့ နားမလည်စွာလျှောက်လာသည့် ထွဋ်တေဇ၏ လက်ကိုဆွဲကာ သူ့ပါးကို လက်ဖဝါးပေါ်သို့ အပ်၏။ အား... ဒီဟာက အိပ်မက်တွေ မဖြစ်လိုက်ပါနဲ့။

ထွဋ်တေဇ၏ မျက်လုံးများသည် နူးညံ့သွားရ၏။ မျက်လုံးများမှိတ်ကာ သူ့လက်အနွေးဓာတ်ကို ငြိမ်ခံနေသည့် ကောင်ကလေး၏ ခေါင်းကို သူ အသာထိုးဖွသည်။ ထိုကောင်လေးဘေးတွင်ထိုင်၍ နဖူးကို အသာနမ်းကာ...

Beloved Hyung [Own Creation]Where stories live. Discover now