38

19.2K 1.8K 29
                                    

Zawgyi

အပိုင်း - ၃၈ : အနာဂတ်ဆိုတာ ထွဋ်တေဇနဲ့အတူတူ။

အချိန်တချို့ကုန်လွန်ပြီးနောက်...

"Congratulation..."

လက်ထဲသို့ရောက်လာသည့် ပဲစေ့လေးပေါ်ဘွဲ့ဦးထုပ်တင်ထားသည့် အရုပ်ကိုယူကာ မင်းဆုမြတ်ရယ်သည်။

"ကျွန်တော်က ပဲစေ့လေးပေါ့..."

"အင်း..."

ဘွဲ့ယူသည့်နေ့သည် မင်းဆုမြတ်အတွက်အပျော်ဆုံးနေ့ပင်။ ဇွဲမင်းထက်နှင့်စကားပြောနေသည့် ထူးဝေအောင်နှင့် အဖိုးအဖွားလေးဦး စကားလက်ဆုံကျနေသည်ကို မင်းဆုမြတ်သည် သဘောကျစွာကြည့်၏။

"တစ်သက်လုံးမှာ ကျွန်တော်အဖြစ်ချင်ဆုံး ဆုတစ်ခုတော့ ပြည့်သွားပြီ..."

မင်းဆုမြတ်သည် ထွဋ်တေဇကိုကြည့်သည်။

"ကျွန်တော့်အဖိုးအဖွားအသက်ရှိတုန်း ဘွဲ့ရချင်တာလေ..."

သူ့မျက်လုံးများတွင် မျက်ရည်များဝေ့လို့။

"ကျွန်တော့်ဘွဲ့ဓာတ်ပုံကို သူတို့ပါ ပါချင်ခဲ့တာ... သူတို့က ကျွန်တော့်မိဘလေ... အကြာအကြာကြီး အတူရှိနေတာဆိုပေမဲ့ အဲ့ဒီဆုတောင်းက မပြည့်နိုင်ဘူးလေ..."

မင်းဆုမြတ်သည် သူ့မျက်ရည်များကို သုတ်၏။ ထွဋ်တေဇသည် ငြိမ်သက်စွာသာ ထိုကောင်လေးကို ကြည့်နေလိုက်သည်။ အမြဲတမ်းပျော်ရွှင်နေတဲ့ ဒီကောင်လေးမှာလည်း သူ့ရဲ့ပူလောင်မှုလေးတော့ သူ ရှိနေဦးမှာပေါ့။

"ဟီးဟီး အခုတော့ အဲ့ဒီဆုတောင်းပြည့်ခဲ့ပြီ... အပိုဆုအနေနဲ့ ကိုကိုပါ လာသေးတယ်..."

မင်းဆုမြတ်သည် သူ့ကိုကြည့်ကာရယ်ပြန်သည်။ မျက်ရည်များကြားမှရယ်နေသည့် ပဲစေ့လေးကို ကြည့်ကာ ထွဋ်တေဇသည် ပြုံး၏။ ထိုကောင်လေး၏ ပခုံးကို အသာဖျစ်ကိုင်ကာ...

"အင်း... ဒီနေ့ကို ကိုယ် မလာလို့ရမလား မင်းအတွက် အရေးကြီးတဲ့နေ့လေ..."

"အင်းမလာရင် ယောကျာ်းတာဝန်မကျေပါဘူးလို့ ကျွန်တော်လိုက်အော်ဦးမှာ..."

"မအော်ပါနဲ့တော့..."

ထွဋ်တေဇသည် မနိုင်ပါဘူးဆိုသည့် အသံမျိုးဖြင့်သာ မင်းဆုမြတ်ကို ပြောလိုက်လေတော့သည်။ မင်းဆုမြတ်၏ မျက်စောင်းကြောင့် ထိုကောင်လေး၏ ပါးကို လက်ဖြင့်အသာဆွဲညှစ်ကာ...

Beloved Hyung [Own Creation]Where stories live. Discover now