36

10.9K 1.5K 15
                                    

Zawgyi

အပိုင်း - ၃၆ : ပန်းစည်းဖမ်းရမယ်။

"ငါ့ရဲ့မင်္ဂလာဆောင်ကိုတော့ နင့်ကို လာစေချင်တယ်..."

ထိုဖိတ်စာလေးသည် သူ့လက်ထဲသို့ ရောက်လာခဲ့သည်။ ဘာလိုလိုနဲ့ဒီမိန်းကလေးတောင် အိမ်ထောင်တစ်ခုတည်ထောင်တော့မှာပါလား။

"ငါတို့ သူငယ်ချင်းတွေ ဖြစ်ဖူးတဲ့မျက်နှာကို ထောက်ပြီးဖြစ်ဖြစ် လာခဲ့ပါလား..."

နွေးရတီသည် သူ့ကို သံယောဇဉ်ရှိပုံတော့ရသည်။

"ဘာကြောင့် ငါ့နောက်ကွယ်မှာ ဖောက်ပြန်တဲ့ လမ်းကို ရွေးခဲ့တာလဲ..."

အတ္တကြီးတယ်ပဲဆိုဆို ထိုကောင်မလေးဟာ ဘာကြောင့် သူ့သိက္ခာကိုကျစေတဲ့ လမ်းကိုမှ ရွေးခဲ့တာလဲ။ သေချာပြန်စဉ်းစားကြည့်တော့ သူက ဒီကောင်မလေးကို သူငယ်ချင်းထက်မပိုတဲ့ ဆက်ဆံရေးမျိုးနဲ့ပဲ ဆက်ဆံမိတယ်ဆိုရင်တောင် သူ မချစ်ဘူးဆိုတာကို အစောကတည်းက သိတယ်ဆိုရင်တောင် နွေးရတီက သူ့ကို နည်းနည်းလေးတော့ ငဲ့ညှာသင့်တယ် မဟုတ်ဘူးလား။

သူတို့ထိုင်နေသည့် ဆိုင်လေးသည် တေးသံအေးအေးမှလွဲ၍ အခြားမရှိ။ ထွဋ်တေဇသည် နွေးရတီကို စိုက်ကြည့်၏။ အဖြေတစ်ခုသာ မရပါက သူ့စိတ်သည် ကျေနပ်လိမ့်မည်မဟုတ်ချေ။ နွေးရတီသည် သက်ပြင်းရှိုက်၍ ထွဋ်တေဇကို ကြည့်သည်။

"ငါကရော နင့်ကို လက်စားချေလို့မရဘူးလား..."

နွေးရတီသည် ခုံကိုမှီထိုင်ကာ လက်ပိုက်၍ သူ့ကိုကြည့်လာလေ၏။

"အစောကတည်းက နင့်ရဲ့စရိုက်ကို ငါ သိခဲ့ပေမဲ့ နင်က ငါ့ကို ချစ်နေလို့ နင့်အနာဂတ်ထဲ ဆွဲထည့်ထားတယ်လို့ပဲ ယုံခဲ့တယ်... ဒါပေမဲ့ နင့်ခံစားချက်က သူငယ်ချင်းထက်မပိုဘူး... ငါရော မနာကျင်ခဲ့ဘူးထင်လား... အခုတော့ မနာကျင်ပေမဲ့လည်း ငါလည်း နာကျင်ခဲ့ရတယ်လေ..."

အတိတ်ကို နွေးရတီသည် အေးအေးဆေးဆေးသာ ပြန်ပြောပြနေခဲ့သည်။ ကောင်းတယ်။ ဒီနေ့အကုန်လုံးကို ပြောပြလိုက်ကြမယ်... ပြီးတော့ ကိုယ့်လမ်းကိုယ် သူတို့တွေ ကောင်းကောင်းမွန်မွန်လျှောက်ကြတာပေါ့။ ထွဋ်တေဇက အခုကောင်ကလေးတစ်ယောက်ကို ချစ်နေပြီ မဟုတ်လား။ ထွဋ်တေဇအချစ်ကို ရခဲ့တာက သူမ မဟုတ်ခဲ့သော်လည်း ထားပါတော့ ဒါကလည်း အရေးမပါတော့ပါဘူး။

Beloved Hyung [Own Creation]Where stories live. Discover now