20

13.6K 1.9K 67
                                    

အပိုင်း - ၂၀ : အတူတူမှရည်းစားထားမဲ့ ပဲစေ့လေးတွေ။

"အာ ကိုကို..."

အိမ်သာထဲ ဆေးလိပ်သောက်နေသည့် ထွဋ်တေဇကို မြင်ချိန်တွင် မင်းဆုမြတ်တစ်ယောက် အိမ်သာအဝမှ လွှတ်ခနဲ ကိုကို ခေါ်မိတော့သည်။ ထွဋ်တေဇ ဆေးလိပ်သောက်သည်ကို သူ မမြင်ဖူးသည်ကြောင့် ဆေးလိပ်သောက်နေသည့် ထွဋ်တေဇကို မြင်ရသည်က သူ့အတွက် ရင်ဖိုချင်စရာ။

"မင်းက ဘယ်လိုဖြစ်လို့ အတန်းကြီးတွေရဲ့ အိမ်သာဘက်ကို ဝင်လာတာလဲ..."

"ကျွန်တော်တို့အတန်းငယ်ဘက်မှာ အိမ်သာရေပိုက်ပြင်နေတယ်... အဆင်ပြေတဲ့ဆီသွားလို့ရတယ်ဆိုပေမဲ့ အခြား အတန်းကြီးတွေဘက်တော့ မသွားချင်ဘူးလေ..."

မင်းဆုမြတ်သည် ခပ်အေးအေးပြော၏။ ထို့နောက် မချိုမချဉ်မျက်နှာပေးနှင့် သူ့ကိုကြည့်လာကာ...

"ဒီဘက်ကိုလာတာက ကိုကိုနဲ့တွေ့များတွေ့မလားလို့လေ... ကြည့်ပါလား ခုဆို တွေ့တယ်..."

ပြောပြီးနောက် ထိုကောင်လေးသည် အိမ်သာတံခါးကို ဆွဲဖွင့်၏။ ဘိုထိုင်အိမ်သာရှိနေသည့် အိမ်သာထဲဝင်တော့မည့် ကောင်လေးကို ထွဋ်တေဇသည် မှန်ထဲမှ လှမ်းကြည့်သည်။ ထို့နောက်...

"အမ်..."

ဘာလို့အခုလိုတွေဖြစ်သွားရတာလဲ။ မင်းဆုမြတ်သည် သူ့အနောက်တွင် လက်ပိုက်ရပ်နေသည့် ထွဋ်တေဇကို မသက်မသာ လည်ပြန်လှည့်ကြည့်ရင်း စဉ်းစားနေခဲ့သည်။ သူသည် ဖြူဖွေးနေသည့် အိမ်သာကမုတ်ကို မျက်နှာချင်းဆိုင်ရပ်နေပြီး ထွဋ်တေဇကတော့ သူ့ကို လက်ပိုက်ပြီးကြည့်လို့။

"မင်း လုပ်စရာရှိတာ ဆက်လုပ်လေ..."

ထွဋ်တေဇသည် ခပ်အေးအေးပြောလေ၏။

ဒါက အနိုင်ကျင့်နေတာလား...

မင်းဆုမြတ်သည် စဉ်းစားနေခဲ့သည်။ ထွဋ်တေဇ... ဒီအစ်ကိုကြီးဟာ ဘာတွေဖြစ်လာတာလဲ။ သူနဲ့ဇွဲမင်းထက်က ကျောင်းရဲ့ တရားမဝင်ထွက်ပေါက်(ကျောင်းသားများအခေါ် ခွေးတိုးပေါက်မြက်တော) မှ ထွက်သွားခဲ့သည်။ ထို မြက်တောနောက်တွင် ထန်းရည်ဆိုင်နှင့်ဖဲဝိုင်းများသာ ရှိသည်ကို သူ သိသည်။ ထွဋ်တေဇနှင့်ဇွဲမင်းထက်တို့သည် ကျောင်းစာတွင်တော်နေသော်လည်း ထိုနှစ်ယောက်သည် စည်းကမ်းပိုင်းအရမ်းလိုက်နာသည့်ထဲတွင် မပါနိုင်လောက်သည်ကိုလည်း သူ သိသည်။

Beloved Hyung [Own Creation]Where stories live. Discover now