31

12.3K 1.7K 72
                                    

Zawgyi

အပိုင်း - ၃၁ : ရိုဆန်နိုင်လွန်းတဲ့အစ်ကိုကြီး။

"ချီး! ကိုကိုက ဘယ်ရောက်သွားတာလဲ!"

မင်းဆုမြတ် အိပ်ယာနိုးနိုးချင်း ရေရွတ်မိသည်က ထိုစကား။ အိပ်ခန်းသည် တိတ်ဆိတ်လျက်။ မှန်တံခါးဖွင့်ပေးထားမှုကြောင့် လေအဝေ့တွင် လိုက်ကာသည်တလွင့်လွင့်။ နေ့ခင်းပိုင်းနေရောင်သည် အခန်းတွင်းသို့ ပွင့်နေသည့် မှန်တံခါးမှတစ်ဆင့် ဝင်နေခဲ့သည်။

အရှေ့တည့်တည့်တွင် လေသာဆောင်ရှိပြီး လှမ်းကြည့်လျှင် ပင်လယ်ကို ကောင်းကောင်းမြင်နိုင်၏။ ကောင်ကင်နှင့်အပြိုင် ပြာလဲ့နေသည့် ပင်လယ်အလှကို မင်းဆုမြတ် စိတ်မဝင်စားအား။ သူမှတစ်ပါး မည်သူမျှ မရှိသည့် အခန်းကိုသာ သူ ပတ်ကြည့်သည်။

"အိမ်သာထဲမှာလား..."

ခုတင်ဘေးတွင်မရှိသည်မို့ ရေချိုးခန်းအိမ်သာကို ဖွင့်ကြည့်သော်လည်း အခန်းတွင်ရှိမနေ။ မင်းဆုမြတ်တစ်ယောက် သွေးတက်သွားတော့သည်။

ဘာလဲ သူ့ကို ထားခဲ့ပြီလား! ချစ်ရေးတောင် မဆိုရသေးဘူးလေ! သူ တကယ်ကြီး အလုပ်ကို သွားအော်တော့မှာနော်!

ပျောက်နေသည်က ထွဋ်တေဇဖြစ်သော်လည်း မင်းဆုမြတ် ဖုန်းခေါ်သည်က ထူးဝေအောင်ထံကိုပင်။ မွေးနေ့မှာ လင်ပျောက်လို့သူငယ်ချင်းဆီဖုန်းဆက်ရသည်က တလောကလုံးတွင် သူ မင်းဆုမြတ်တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

သူ့မွေးနေ့မတိုင်ခင် ညကားနှင့်သူတို့လာကြသည်။ မနက်ရောက်ရောက်ချင်း သူတို့ခဏတဖြုတ်အိပ်ကြသည်။ အိပ်တုန်းကတောင် ထွဋ်တေဇတစ်ယောက် သူ့ဘေးမှာရှိနေသေးတာကို နိုးလာတော့ မရှိတော့တာ ဘာအထာတုန်း! ချစ်ရေးဆိုမယ်ပြောပြီး ထွက်ပြေးသွားတာလား သူကတော့ အကြီးကြီးမျှော်လင့်ထားတာကို။

စိတ်မကြည်လင်ရသည့်ကြားထဲ ထူးဝေအောင်၏ ဖုန်းသည်လည်း တော်တော်နှင့်မကိုင်။ ကျခါနီးကျမှ ထူးဝေအောင်သည် ဖုန်းကို ကိုင်လာတော့သည်။

"ဘာလဲ..."

ငိုသံစွက်နေသည့် အသံကြောင့် မင်းဆုမြတ်၏ မျက်ခုံးတို့သည် တွန့်ချိုးသွား၏။ တစ်ဖက်မှ စပီကာဖွင့်ထားပုံရသည်။ ထူးဝေအောင်တစ်ယောက် မအားဘူးလား။

Beloved Hyung [Own Creation]Donde viven las historias. Descúbrelo ahora