10

11.8K 2K 74
                                    

Zawgyi

အပိုင်း - ၁၀ : မင်း ညစောစောအိပ်ဖို့စဉ်းစားမနေနဲ့...

Online တွင် Usagi ဆိုသည့် ကောင်လေးတစ်ယောက်၏ ပရိသတ်များသည် အုတ်အောသောင်းနင်းဖြစ်နေခဲ့၏။ ဘာကြောင့် သူတို့ Usagi လေးက မီးစိမ်းနေပြီးတော့ Stream မလုပ်တာလဲ။ Usagi ဆိုတာလေးက Rank တက်ဖို့အတွက် နည်းနည်းလေးတောင် စိတ်ဝင်စားခြင်းမရှိတဲ့ကောင်ကလေးပါ။ ဘာလို့အခု Usagi လေးရဲ့မျက်နှာကို သူတို့ မတွေ့ရတာလဲ။

အချို့သော ပရိသတ်များသည် Usagi ဆော့နေသည့် ပွဲကို ဝင်ကြည့်ကြလေ၏။

Usagi ဆိုသည့်သူတို့ရဲ့ အချစ်ဆုံးလေးသည် အကောင်သေးသေးဖြင့် Harley ဟူသည့် Hero ကို ကိုင်ထားခဲ့လေသည်။

အကြော်စုံ : Usagi က Mage ပဲကိုင်တတ်တာလား...

စတော်ဘယ်ရီ မစ်ရှိတ် : သူက Mage အကိုင်များတယ် ဒါပေမဲ့လည်း မဆိုးပါဘူး။

မသိဘူးဘလိမ်းမယ် : ဟဲ့ဟိုဘက်က ဆာလှချည်လား...

သူတို့အကြည့်များသည် တစ်ဖက်အသင်းရှိ Heroes များဆီရောက်သွားလေ၏။

စားဆော်ကြီး : ဒါကဘာတုန်း သူတို့က သေနတ်သမားအသင်းလား

ရယ်သည့်သူကရယ်၊ လှောင်သည့်သူကလှောင်။

မသိဘူးဘလိမ်းမယ် : ဒါမို့ငါက အောက်ကကောင်တွေ rank ကိုမကြည့်ချင်တာ... စဉ်းစားကြည့်စမ်းကွာ အသင်းနဲ့ သဟဇာတဖြစ်အောင်လုပ်မယ်မရှိဘူး ကိုယ်ကိုင်တတ်တာတွေပဲလျှောက်ကိုင် စိတ်ပျက်စရာကြီး...

ကေပေါပါလေး : ဘာလဲအပေါ်ထပ်က ဘဒိုက အရှုံးတွေနဲ့ရင်ဆိုင်ရလို့လား အန်နာဗွန်စီကိုမှ မဆောင်တာ။

အန်နာဗွန်စီ : ငါ့ဘာသာနေပါရစေလား။

ပေါက်ပေါက်ဖောက်နေကြချိန်တွင် Harley သည် တလှုပ်လှုပ်ဖြင့်ရွေ့လျားနေခဲ့သည်။

အန်နာဗွန်စီ : အိုးအိုး Harley နဲ့ Hayabusa နဲ့တွေ့ပြီ။

စားဆော်ကြီး : ငါ့ရဲ့ ယုန်လေးတော့ သေပါပြီ။

သို့သော်လည်း သူတို့ပြောသလို သူတို့၏ ယုန်လေးသည် မသေခဲ့။ Harley နှင့်ထိုနင်ဂျာကောင်တွေ့နေချိန်တွင် Harley အနောက်မှ အခြားသော Hero တစ်ကောင်သည် ပေါ်လာခဲ့ချေသည်။ ထို Hero ကို ကြည့်ရသည်မှာ Harley ကို လိုက်ပြီးစောင့်လျှောက်နေသည့် အလားပေ။

Beloved Hyung [Own Creation]Where stories live. Discover now