11

11.1K 1.9K 54
                                    

Zawgyi

အပိုင်း - ၁၁ : ရှေ့ဆက်မတိုးပါနဲ့။

"အာ မင်းတို့ဘယ်လိုဖြစ်လာကြတာလဲ..."

ထွဋ်တေဇမှလွဲလျှင် မအီမသာမျက်နှာဖြင့် ဖြစ်နေကြသည့် သူများကိုကြည့်ကာ Project Leader အမျိုးသားလေးသည် မေးခွန်းထုတ်လေ၏။ မင်းဆုမြတ်တစ်ယောက် မရယ်ချင်ရယ်ချင်ဖြင့် ရယ်ပြကာ...

"ကိုထွဋ်က သားကို ညမအိပ်ခိုင်းတာနဲ့ ကျန်တဲ့သူတွေပါ မအိပ်ရတော့တာ..."

"အဟု!"

တစ်ဖက်ဝိုင်းတွင် မနက်စာကော်ဖီသောက်နေသည့် Wings မှ ချစ်မြတ်နိုးတစ်ယောက် ကော်ဖီသီးလေတော့သည်။

"ညက သူ့ကို Rank တင်ပေးနေတာ အရမ်းလည်း နောက်မကျပါဘူး... ဒါတောင် သူ ဝိလို့သိပ်မတက်သွားဘူး..."

ထွဋ်တေဇသည် မျက်နှာသေဖြင့်သာပြောလေသည်။

"တကယ်တော့ အတူတူ Stream လုပ်ဖို့ဆိုတာက Rank က အတူတူဆော့လို့ရတဲ့အနေအထားလည်း ရှိဦးမှလေ..."

ထွဋ်တေဇသည် အေးတိအေးစက်ဖြင့်ဆက်ပြော၏။ Wings အဖွဲ့သားတို့၏ အကြည့်သည် ထွဋ်တေဇဘေးမှ မင်းဆုမြတ်ထံ ရောက်သွားခဲ့သည်။ မင်းဆုမြတ်ကတော့ မချိသွားဖြဲလေးဖြင့်သာ ထွဋ်တေဇကို ကြည့်လေ၏။

"ဘာလဲ..."

မေးဆတ်ကာ ခပ်တည်တည်မေးသည့် ထွဋ်တေဇကြောင့် မင်းဆုမြတ် ခေါင်းကိုယမ်း၏။

ကိုကိုက သူ့ကို မချစ်ဘူးဟုဆိုထားပေမဲ့ ခင်ခင်မင်မင်တော့ရှိရှာသား။ ဒါက ရိုက်ကွင်းကြောင့်ဆိုတာ သူ သိပေမဲ့လည်း မပျော်ဘဲမနေနိုင်ပါဘူး။ နောက်ပြီး ဂိမ်းဆော့ရတာလည်း ကောင်းပါတယ်။ ထွဋ်တေဇနဲ့ သူ ရင်းရင်းနှီးနှီးနေရတယ်။

"ဘာပဲဖြစ်ဖြစ် မျက်ကွင်းတွေ မကျနေတာပဲ ကောင်းပါတယ်..."

အဖွဲ့ခေါင်းဆောင်အစ်ကိုသာ ထိုစကားဖြင့်သာအဆုံးသတ်လိုက်လေသည်။ မနက်စာစားပြီးနောက် သူတို့အကုန်လုံးသည် အဝတ်အစားနှင့်မိတ်ကပ်ပိုင်းပြင်ဆင်ကြရ၏။ ထို့နောက် သူတို့ရိုက်ကွင်းစလေတော့သည်။

တစ်ယောက်တစ်ပုံစံဖြင့် လူငယ်ဆန်သည့် လှပခြင်းမျိုးရှိနေသည့် Wings အဖွဲ့သားများဓာတ်ပုံရိုက်နေသည်ကို သူ ကြည့်နေခဲ့သည်။ ဘာရယ်မဟုတ် သူ့မျက်လုံးများသည် ထွဋ်တေဇထံသို့ ရောက်သွားချိန်တွင် Wings မှ တစ်ဦးတည်းသော မိန်းကလေးထံသို့ ရှိနေသည့် ထွဋ်တေဇ၏ မျက်လုံးများတွင် ကြေကွဲရိပ်များဖြင့်...

Beloved Hyung [Own Creation]Where stories live. Discover now