21

12K 1.9K 37
                                    

Beloved Hyung ကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ မှာတင်သွားပါမယ်နော်။ စောင့်နေပေးတဲ့တွက် ကျေးဇူးတင်ပါတယ်။

Zawgyi

အပိုင်း - ၂၁ : အချစ်ခံရတဲ့ခံစားချက်။

"ကိုကို!"

နှစ်နှစ်ဟူသည့် အချိန်သည် ကုန်လွန်ခဲ့ပြီ။ ဘွဲ့ခန်းမရှေ့တွင် ဇွဲမင်းထက်နှင့်ရပ်နေချိန်တွင် အသံနှင့်အတူ ခေါင်းစိမ်းလေးဖြင့် ကောင်လေးတစ်ယောက်သည် ပြေးလာချေ၏။ ထွဋ်တေဇ၏ မျက်ခုံးများသည် တွန့်ချိုးသွားခဲ့ချေသည်။

"Congratulations..."

ထိုကောင်လေးသည် သူ့လက်ထဲသို့ နှင်းဆီပန်းစည်းထိုးပေးလာခဲ့သည်။ ရုတ်တရက် သူ မည်သို့တုံ့ပြန်ရမှန်းမသိတော့။

"ယူပါ ဒါလောက်တော့ လက်ခံလို့ရတယ်မဟုတ်လား..."

"ယူလိုက်လေ... မင်းကလည်း..."

ရုပ်သေလို ရပ်နေသည့် သူ့ကို ဇွဲမင်းထက်သည် တံတောင်ဖြင့်တွန်းကာ သတိပေးလာခဲ့သည်။

"ကျေးဇူးပဲ..."

ကမ်းပေးသည့် ပန်းစည်းကို သူ လှမ်းယူလေ၏။ သူ့နားရွက်သည် ရှက်စိတ်ဖြင့် ခပ်ရဲရဲ။ ဒီကောင်လေးဟာ သူ့ကို ချစ်ကြောင်းကို လူရှေ့သူရှေ့မှာ ထုတ်ပြဖို့ကို ဘယ်သောအခါမှ ဝန်လေးခြင်းမရှိ။ သူတို့တွဲနေသည့် နှစ်နှစ်သက်တမ်းလုံးလုံး ထိုကောင်လေးသည် လူအများမြင်သာလောက်သည့် အချစ်များကို ဖော်ပြလေ့ရှိသည်။ ထိုကောင်လေး ဆင်ခြင်သည်က...

"မင်းဆု သားလည်း လာတာလား..."

သူ့မိဘများရှေ့တွင်သာ။ ခေါင်းစိမ်းလေးသည် အနောက်သို့လှည့်ကာ ရိုကျိုးသည့်ဟန်မျိုးဖြင့် သူ့ မိဘများကို နှုတ်ဆက်လေ၏။

"သူ့ကို ငါ ဆံပင်ပြန်ဆိုးဖို့ပြောတာ ဘယ်တော့မှ မအောင်မြင်ဘူး..."

ထွဋ်တေဇသည် သူ့မိဘများနှင့် စကားပြောနေသည့် မင်းဆုမြတ်ကို ကြည့်ကာ ပွစိပွစိရေရွတ်၏။ ထိုကောင်လေး ပထမနှစ်တုန်းက သူ့ကြောင့် စည်းကမ်းထိန်းသိမ်းရေးလက်ထဲသို့ ရောက်ခဲ့သည်။ သို့သော်လည်း ကောင်စုတ်လေးသည် ပဲစေ့လိုစိမ်းနေသည့် ဆံပင်ကိုတော့ အနက်ရောင်ဆိုးဖို့ စိတ်ကူးရှိပုံမရ။ ဖြူနုသည့် အသားအရေနှင့် အစိမ်းရောင်ဆံပင်က လိုက်ဖက်သည်ဆိုသော်လည်း...

Beloved Hyung [Own Creation]Where stories live. Discover now