4

12.8K 2.1K 60
                                    

Zawgyi

အပိုင်း - ၄ : ခင်ဗျားက Killing God မဟုတ်လား။

"မင်းရုပ်က မအီမသာနဲ့ဘယ်လိုဖြစ်လာတာလဲ..."

ထွဋ်တေဇ၏ မျက်နှာကိုမြင်မြင်ချင်း ဇွဲမင်းထက်မေးခွန်းထုတ်လာ၏။ ဖုန်းကိုဖွင့်ကာ ရထားသည့် Mail ကို သူ ထိုးပြတော့ ဇွဲမင်းထက်သည် သူ့ Mail ကို ဖတ်လာခဲ့သည်။ ထို့နောက် အလွန်ပင်ဘာပြောရတော့မှန်းမသိသည့် မျက်နှာမျိုးဖြင့်...

"မင်း..."

ထွဋ်တေဇသည် အေးတိအေးစက်အကြည့်တစ်ခုဖြင့်သာ တုံ့ပြန်ခဲ့သည်။ သူ တကယ်ပဲ ဒီကိစ္စကိုဘယ်လိုလုပ်ရမှန်းမသိတော့ဘူး။ စိတ်ညစ်စရာကောင်းလိုက်တာ။

"ဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ..."

ဇွဲမင်းထက်မေးခွန်းကြောင့် ထွဋ်တေဇသည် 'ငါ လုပ်မှာကို မင်းသိတယ်မဟုတ်ဘူးလား' ဆိုသည့် မျက်လုံးများဖြင့်သာ လှမ်းကြည့်လေသည်။ ထွဋ်တေဇ၏ စကားများပါသည့် အကြည့်များကြောင့် ဇွဲမင်းထက်သည် ချောင်းတစ်ချက်ဟန့်ကာ...

"လာတာမလာတာက မင်းသဘောပါပဲ... ဒါပေမဲ့..."

အတန်းထဲတွင်ဆရာ မလာသေးသည်မို့ ထွဋ်တေဇသည် အပြင်သို့ငေးနေခဲ့၏။ တကယ်ပါပဲ... သူ ဒီကိစ္စတွေကို ရှောင်နေတာကို...

"သစ္စာဖောက်စုံတွဲက မင်းကို ကြောက်လို့မလာတာလို့ ပြောရင် ဘယ်လိုလုပ်မလဲ..."

ဇွဲမင်းထက်သည် အသံကိုနှိမ့်၍ပြော၏။ ထွဋ်တေဇ၏ ကြောက်မက်ဖွယ်ဒေါသမျက်လုံးများသည် သူ့ထံသို့ ရောက်လာခဲ့သည်။ ရင်ထဲတွင် ငါတော့မိုင်းဗုံးနင်းမိပြီဟ ဟူသည့်အချက်ပေးသံများ ပြည့်နှက်သွားသော်လည်း ထူးဆန်းစွာ ထွဋ်တေဇသည် သူ့ကို မျက်လုံးများဖြင့်သာ ဝါးတော့မတတ်ကြည့်ပြီး တစ်ဖက်လှည့်သွားခဲ့သည်။

"မင်း ရတီ့ကို ကြိုက်နေတုန်းလား... ငါပြောမယ် မိန်းမတိုင်းက သူ့လိုမဟုတ်ဘူးဆိုပေမဲ့ သူကတော်တော်သစ္စာမရှိတဲ့ မိန်းမပါကွာ..."

သူ ပြောနေစဉ် ထွဋ်တေဇရုတ်တရက်ထရပ်လိုက်သည်မို့ ဇွဲမင်းထက် လန့်သွားရသည်။ ထွဋ်တေဇက သူ့ကို မျက်နှာသေဖြင့် တစ်ချက်ကြည့်ပြီး...

Beloved Hyung [Own Creation]Where stories live. Discover now